အခေါင်မစွံလို့ အခွန်မဆောင်တာလား

ပို့စ်တင်ချိန် - 3/22/2014 09:49:00 AM


အရှုံးပေါ်နေ၍ ပြီးခဲ့သော ၅ နှစ်ကပိတ်ခဲ့သည့် ဗီဒီယို အငှားဆိုင်အတွက် အခွန်ကြွေးကျန်ဆောင်ဖို့ ပြည်တွင်းအခွန်မှူးပေးသော စာရွက်ကိုကြည့်ရင်း အငြိမ်း စား ညွှန် ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်၏ ရင်ထဲလှုပ်ရှား၍သွားသည်။ဆိုင်အတွက် နှစ်စဉ်အခွန်ဆောင်နေရသော်လည်း ပိတ်ပြီးနောက်ပိုင်း တစ်ရေးနိုးခါမှ စာ ရင်းပြ ကာ လာတောင်းသည့် ဖြစ်ရပ်ကို သူမကျေနပ်ခြင်းကြောင့် ထိုသို့ဖြစ်သွားရခြင်းဖြစ် သည်ဟုပြောသည်။

သို့သော်နိုင်ငံသားတိုင်းက အစိုးရထံသို့ မဖြစ်မနေ ပေးဆောင် သင့်ပြီး ပြန်လည်တောင်းခံ၍မရသော ပေးဆပ်မှုကို အခွန်ပေးရသည့်သဘောအပေါ် အဓိပ္ပာယ်ဖွင့်ဆိုထားသောစကားပုံကို ၎င်းက နင်းချေဖျက်ခြင်းမဟုတ်ကြောင်း ရိုး သားစွာဝန်ခံသည်။ အမြဲပင်ဆောင်နေပြီး ကြွေးကျန်ဟူ၍ လာတောင်းခြင်းကို မကျေမနပ်ဖြစ်နေခြင်း တစ်ခုသာ၊ အခွန်ဌာနနှင့် ထိစပ်မှုများသော အမည် မဖော် လိုသူ လုပ်ငန်းရှင်တစ်ဦးက ထိုသို့ဖြစ်ရပ်နှင့် ထိပ်တိုက်တွေ့ခဲ့သူ က ဒေါက်တာထွန်းလွင်တစ်ဦးတည်းမဟုတ်တန်ရာဟု ထောက် ပြသည်။

အခွန်ဌာနသည် ပြီးခဲ့သည့်ရက်ပိုင်းက ဒေါက်တာထွန်းလွင်ကဲ့သို့ပင် ထပ်မံကာအမှားများပြုလုပ်ပြီး အခွန်စနစ်၏ မှားယွင်းမှုအချို့ကို သက်သေပြခဲ့ ပြန်သည်။ ထိုသို့သတ် မှတ်ခံခဲ့ရသူက AGD ဘဏ်နှင့် ဥပဒေရေးရာ အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Thura Swiss ကုမ္ပဏီပါသော ကုမ္ပဏီအချို့ကိုပင်။ အခွန်မဆောင်သော ကုမ္ပဏီများ ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ပထမဆုံး ထုတ်ပြန်လိုက်သော ကုမ္ပဏီ ၁ဝဝဝဝ ကျော်စာရင်းတွင် အခွန်ဆောင်နေသော ကုမ္ပဏီများဖော်ပြခြင်း ခံခဲ့ရသည်။

ထိုကုမ္ပဏီများက အခွန်ဌာနသို့ ဖြေရှင်းချက်များပေး၍ ဖော်ပြစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု၊ ဖိအားပေးမှုကိုလည်း အခွန်ဌာနကခံခဲ့ရသည်။ Thura Swiss ကုမ္ပဏီ ဦးဆောင်သူ ဦးအောင်သူရက ”အခွန်ဆောင်ဖို့ တိုက်တွန်းနေတဲ့ ကုမ္ပဏီတစ်ခုက အခွန်ရှောင်တယ်ဆိုတာကို အခြားကသိသွားရင် ဘယ်လိုလုပ် ရပ်တည်မလဲ။ ဒါက မဖြစ်သင့်ဘူး”ဟု ပြောသည်။

ပြည်သူများထံမှ အခွန်ကောက်ရန်အတွက် အစိုးရက ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ၊ ၁၉၉ဝ ခုနှစ် ကုန်သွယ်လုပ် ငန်းဥပဒေ စသည်ဖြင့် ရေးဆွဲပြဋ္ဌာန်းပြီး အခွန်ကောက်မှု စတင်ခဲ့သော်လည်း ကွက်ကျားမိုးအတိုင်း စိုသူ၊ မစိုသူ စ သည်ဖြင့် ရှိနေသည့်အတွက် အခွန်တွင် မကျေလည်စရာ ပြဿနာအများအပြား ရှိနေခဲ့သည်။ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ဦး က ”ဆောင်ရတဲ့သူကလည်း နင့်နေတာပဲ။ လွတ်တဲ့သူက လည်း အများကြီး ပဲ”ဟု အခွန်စနစ်ကို အကောင်အ ထည် ဖော်နေကြသူအချို့၏ မှားယွင်းသောလုပ်ရပ်ကို ထောက် ပြသည်။

ဦးနေဝင်း၏ မဆလအစိုးရ လက်ထက်နှင့် စစ်အစိုးရ ၏လက်ထက် နှစ်ပေါင်း ၆ဝအတွင်း ၎င်းတို့အခွန်ဆောင်စေလိုသော သူကလွဲလျှင် ကျန်သည်များ ရ၊ မရက အရေးမ ကြီးဟုဆိုသည့် ဖိဖိစီးစီးမလုပ်ခဲ့မှု၊ တိကျခိုင်မာသော စာရင်း ဇယားမထားခဲ့မှုနှင့် အခွန်ဆောင်သူနှင့် တောင်းသူကြား မပြေလည်မှုစသည်များက ယနေ့ပြည်သူနှင့် အသား ကျနေလာခဲ့ရာ ပြည်သူက လက်ရှိတွင် အခွန်အပေါ်လိုလားကြည် ဖြူစွာရှိဖို့ ခက်ခဲမှုရှိနေလိမ့်ဦးမည်။

အခွန်ဆိုင်ရာ လေ့လာသူ ဦးဇင်ဦးက ”ဒါကနိုင်ငံရှိတဲ့ အခွန်စနစ်ရဲ့မှားယွင်းမှုတစ်ချက်ပဲ။ စာရင်းတောင် မှန်ကန် အောင်မလုပ်နိုင်သေးဘူး။ ဒါတွေရဲ့ အားနည်း ချက်ေ တွကြောင့် အခွန်နဲ့ နီးစပ်မှုမရှိတဲ့ လူထုကို အခွန်နဲ့ ပိုဝေးစေတယ်”ဟု ဦးထွန်းလွင်ဖြစ်ရပ်အပေါ် ဝေဖန်ပြောကြားခဲ့သည်။ ချို့ ယွင်းချက်၊ အားနည်းချက်များ အခွန် ဌာနတွင်ရှိမှု၊ တစ်ဖက် တွင်လည်း အခွန်ရှောင်လိုသည့် သဘောမဟုတ်ဘဲ မသိနားမလည်ဘဲ အခွန်မပေးကြသူ၊ အခွန်ကိုလုံးဝမဆောင် ချင်သူ၊ နည်းနည်း ပဲဆောင် ၍ ရှောင်ချင်သူနှင့် အခွန်ထမ်းသူနားဝင်အောင် ပညာမပေးတတ်သူတို့ လက်ရှိတွင် စုံနေကြ သည်ဟု အခွန်ဆိုင်ရာလေ့လာသူများက ပြောသည်။

ဒီမို ကေရစီေ ခတ္ဆိုေ သာ ဤကာလအရောက်တွင် အခွန်ပေး ဆိုသော ကိစ္စရပ်က အခွန်ယူသူနှင့် အခွန်ဆောင်သူကြား မကြေလည်စရာဖြစ် ရပ်များ ဖြစ်လာလိမ့်မည်ဟု အထက်ပါ ပုဂ္ဂိုလ်ဖြစ် သူက ကြိုတင်ခန့်မှန်းချက်ပြုသည်။

လစာကျပ် သုံးသိန်းနှင့်အထက်ရနေပြီး အသက် ၂၅ နှစ်ကျော်ရှိသည့်လူရွယ်တစ်ဦးက ”ကျွန်တော် အခွန်မဆောင် ဘူး။ ဘာမှလည်းမဖြစ်ဘူး။ အခွန်ဆောင်တော့ရော ဘာဖြစ် လာမှာလဲ”ဟု သူ့အမြင်ကို ပွင့်လင်းစွာဆိုသည်။

ထိုအမြင်က သူဖြတ်သန်းလာခဲ့ရသော ဘဝလမ်းအခြေအနေအရ ပြော ခြင်းဖြစ်သည်ဟုဆိုပြီး သယံဇာ တပေါကြွယ်ဝသည်ဟု နာမည်ကြီးသော မြန်မာတွင်သယံဇာ တများကုန်အောင် ထုတ်ရောင်းနေသော်လည်း ဘာတစ်ခုမှ မတိုးတက်မှုကိုလည်း ၎င်းကပြန်၍ မေးခွန်းထုတ်သည်။

”ဒါတွေ အရင်တုန်းကမလုပ်ခဲ့ပဲ အခုမှ ဒီမိုကရေစီနိုင်ငံဆိုပြီး အခွန်ပေးပါ။ အခွန်ပေးပါ။ အမြဲပြောနေတယ်။ အစိုးရက ငါဘာလုပ်ပေးမယ်လည်း တစ်ခါမှ ထည့်မပြော ဘူး”ဟု ၎င်းက ယနေ့လူငယ်တစ်ဦး၏ အခွန်အပေါ်အမြင်ကို ချပြသည်။

သို့သော် လူထုဘက်အား အသိ ပညာပေးမှုကို ပြည့်စုံအောင် မလုပ်နိုင် သေးခင်မှာပင် ယခင်လက်ထက်ကအ တိုင်း မဖျောက်ဖျက်နိုင်သေးသောအမွေ အနှစ်ဖြင့် လွှတ်ေ တ်ာထံအစီရင်ခံစာ တစ်ရပ်ကို ယခုမတ်လဆန်းတွင် အစိုးရက ရုတ်တရက် တင်ပြလိုက်သည်။ ၂ဝ၁၄-၂ဝ၁၅ ပြည်ထောင်စုအခွန် အကောက်ဥပဒေကြမ်းတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်ထက် ပိုသောအခွန် ရအောင် လာမည့်နှစ်ကို ကျပ်ငွေ ၅ထရီ လျံအထိ ကောက်ခံထားဖို့လျာထား ကြောင်း သမ္မတ ဦးသိန်းစိန်အစိုးရက လွှတ်တော်သို့ တင်ပြခဲ့သည်။

အစိုးရသစ်တက်ပြီး အခွန်စုစုပေါင်း ကောက်ခံရငွေ ကျပ် ၂ ဒသမ ၇ ထရီလျံ ရရှိသော ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ထက် ထက်ဝက်ကျော်မြင့်သည့်နှုန်း ရ အောင် လာမည့်နှစ်ကို အစိုးရကကောက် ခံသွားမည့်အကြောင်းကို လွှတ်တော်မှ တစ်ဆင့် လူထုကို အသိပေးလိုက်ခြင်း လည်းဖြစ်သည်။

အခွန်ဖြင့် ရပ်တည်ရ သော ဒီမိုကရေ စီအစိုးရများနည်းတူ မိမိတို့အစိုးရကလည်း မဖြစ်မနေ ထိုသို့ ကောက်ခံရခြင်းဖြစ်ပြီး နိုင်ငံသား တိုင်း၏ တာဝန်တစ်ရပ်ဟုဆိုကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန် ရှိသူအသီးသီးက လက်ညှိုးထိုးပြကြသည်။

ဤသည်က အစိုးရပိုင်းနှင့် လွှတ်တော်၏ ကိစ္စပင်။ အစိုးရက လုပ်ချင်သည်ကို လူထု စိတ်ပါ၊ လက်ပါ ပါဝင်ဖို့ မတိုက်တွန်းဘဲ ဇွတ်အတွင်းသွတ်သွင်းမရသည်ကို အစိုးရ နားလည်မှုအားနည်းခြင်းက အခွန်မရမှု၏ အဓိကအချက် ဖြစ်သည်ဟု အခွန်ပညာရပ် ဆိုင်ရာ လေ့လာကျွမ်းကျင်သူ များက မှတ်ချက်ပြုကြသည်။

အစိုးရအဖွဲ့နှင့် ဝန်ကြီး များ၏ ပိုင်ဆိုင်မှု၊ လွှတ်တော် တွင်းကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုရပေါက်ရလမ်း ဝင်ငွေများ ကိုပင် လူထုသိအောင်ချမပြဘဲ လျှို့ဝှက်ထားသော လက်ရှိ အစိုးရနှင့် လွှတ်ေ တ်ာက ပြည်သူများ၏ ဝင်ငွေတို့ထံမှ အခွန် ယူမည့်အပေါ် ပြည်သူ ကမေးခွန်းထုတ်ဖွယ်ရှိလာလိမ့်မည် ဟု အခွန်ဆိုင်ရာ ကျွမ်းကျင်သူ တို့က ထောက်ပြကြသည်။

”အစိုးရလူကြီးတွေက ငါတို့လည်းဆောင်မယ်။ မင်းတို့ လည်းဆောင်၊ ဒါဆိုတရားမမျှတဘူးလား”ဟု ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောသည်။ ထိုသို့မဟုတ် ဘဲ အခွန်ထမ်းပြည်သူကိုသာ ဦးတည်ဖွယ် ရှိနေသည်ဟုယူဆရသော အစိုးရ၏လုပ်ရပ်ကို ပွင့်လင်း မြင်သာမှုရှိရန် ဖော်ပြပေးရန်လိုကြောင်း ၎င်းထံမှ သိရသည်။

တစ်ဖက်တွင် နိုင်ငံ၏အခွန်ရမှုက အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် များစွာနောက်ကျကျန်နေခဲ့သည့် အခြေအ နေတွင် ရှိနေခဲ့သည်။ အမေရိကန်၊ ဆွစ်ဇာလန်နိုင် ငံစသည့် ပြင်ပနိုင်ငံများ နှင့်မဆို ထားနှင့်အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် လက်ရှိမြန်မာ၏ အခွန်စုစုပေါင်းရရှိငွေက နိုင်ငံ GDP၏ ၄ ရာခိုင်နှုန်းသာ ရှိနေသေး သည်ဟု မတ်လတွင်းလွှတ်တော်၌ ဘဏ္ဍာရေး ဒုတိယဝန်ကြီးကထုတ်ဖော်ပြောခဲ့သည်။

အခြားအိမ်နီးချင်းနိုင်ငံများက နိုင်ငံ GDP ၏ ၁ဝ ရာခိုင်နှုန်းကျော် ရှိနေသော အခြေအနေ၌ မြန်မာ၏လက်ရှိအခြေအနေကို ဒုတိယဝန်ကြီး က နှိုင်းယှဉ်ပြသွားခဲ့ခြင်းပင်။

အခွန်နှင့် ပတ်သက်၍ မေးခွန်းများ မေးတတ်လေ့ ရှိ သော ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ”အခွန်ရမှ အစိုးရက ပြည်သူ့အတွက် အလုပ်လုပ်နိုင်မယ်။ နိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေး တွေလုပ်နိုင်မယ်။ ဒီလိုမှမဟုတ်ဘဲ အခွန်မရဘူးဆိုရင် ဒါတွေမလုပ်နိုင်ဘူး”ဟု ရှင်းပြသည်။ြ

ပည်တွင်း အခွန် များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”အခွန်ငွေသည် နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး စသောအချက်များထဲ စီးဝင်ခြင်းကြောင့် အခွန်ကို မှန်ကန်စွာ ထမ်းကြဖို့လိုသည်” ဟု ဆက်လက်ပြောကြား သည်။ ”အခွန်စနစ်ကို ပြည်သူက ယုံဖို့လိုပါတယ်။ အခွန်ဌာနက အခွန်ငွေကောက်ပြီး အခွန်ကို ယူတဲ့ဌာနမဟုတ်ပါဘူး။ အခွန်ဆောင်သူကိုယ်တိုင် ဘဏ်မှာသွားဆောင်ရပါတယ်။ ဗဟိုဘဏ်က တစ်ဆင့် နိုင်ငံတော်ဘဏ္ဍာငွေထဲ ရောက်သွားတာပါ”ဟု ယင်းက ထပ်လောင်းဆိုသည်။

ဦးဇင်ဦးက အခွန်ဌာနမှအခွန်သည် နိုင်ငံတော် ဘဏ္ဍာ ငွေထဲရောက်သည်ဟု ပြောရုံနှင့် မလုံလောက်သေး။ ထို ဘဏ္ဍာငွေကို မည်သည့်နေရာ၊ မည်မျှသုံးသည်ကို ပြည် သူက သိအောင်ရှင်းရှင်းလင်းလင်း ပြသဖို့လိုနေသေးကြောင်း ထပ်လောင်းသုံးသပ်သည်။ ”ပြည်သူယုံဖို့လိုတယ်”ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့်နှစ်နှစ်က အစိုးရဖွင့်ထားသည့် အခွန်ဝန် ဆောင်မှုဆိုင်ရာအကြံပေးအဖွဲ့ (ရန်ကုန်ရုံး)မှ တာဝန်ရှိသူ တစ်ဦးက ”အခွန်နဲ့ထိတွေ့မှုနည်းကြတဲ့ လူထုကို ပ ညာပေးဖို့ရာ မလွယ်ကူဘူးဆိုတာ သိပါတယ်”ဟု ပြောသည်။

လွတ်လပ်ရေးရပြီး ဖြတ်သန်းလာခဲ့ရသည့် အခွန်နှင့် ဝေးသောအခြေအနေများတွင် အစိုးရကသာလုပ်ပြီး ပုဂ္ဂလိကကို လုပ်ခွင့်မပေးသောတပ်မတော်အစိုးရစနစ်စသည့် စနစ်များ အောက်တွင်နေခဲ့ကြရာ ထို့ကြောင့် လူထုနားလည်သဘော ပေါက်အောင်ကို အသိပညာပေးဖို့ ရဖို့ တော်တော်လေး တွန်းအားပေးရဦးမည်ဟု ၎င်းက ဆက်ပြောသည်။

ရထားချိန်နောက်မကျဘဲ အချိန်မှန်စွာထွက်သော မီးရထားစနစ်နှင့် သွားလာရေးစနစ်၊ နှေးကွေးမနေဘဲ မြန်ဆန်သောအင်တာနက်စနစ်၊ ကောင်းမွန်သော ကျန်း မာရေး စောင့်ရှောက်မှုနှင့် ပညာရေးစနစ်၊ စိတ်ချလုံခြုံရသော လုံခြုံရေးစနစ်စသည့် အခြေခံကောင်းများ အားနည်းနေသည့် မြန်မာအဖို့က ထိုစနစ်များ သည် ပြည် သူ့ အခွန်ငွေဖြင့် လုပ် နေရသည်ကို မသိရှိ၊ နားမလည်သည်မှာလည်း လွန်အံ့မထင်ဟု ဦးအောင်သူရက ရှင်းပြသည်။

Thura Swiss ကုမ္ပဏီမှ ဦးအောင်သူရက ”အနောက်နိုင်ငံတွေမှာဆိုရင် ဒီလိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရ နေတော့ ဘယ်ပြည်သူကမှ အခွန်မဆောင်ဘဲ မနေကြဘူး။ အခွန်မဆောင်ဘဲနေရင် ဒါဟာကြီးလေးတဲ့ အပြစ်တစ်ခု လို့ လိုလားစွာခံယူထားကြတယ်” ဟု ပြောသည်။

၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စကာ တစ်လလျှင် ကျပ်တစ် သိန်းနှစ်သောင်းနှင့်အထက်လစာရရှိသူက အခွန် ငွေပေးရမည်ဟု အစိုးရက တရားဝင်စပြဋ္ဌာန်းပြီးနောက် လက်ရှိတွင် ထိုလစာနှင့်အထက် အစိုးရဝန်ထမ်းများက အခွန် စထမ်းနေကြသည်။ ယင်းအပြင် နှစ်ရှည်လများ အခွန် ကင်းလွတ်ခွင့်ရ ဦးပိုင်မှာလည်း အခွန်စဆောင်ခဲ့ရသည်။ ထို့အတွက်ကြောင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ နှစ်ထက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်က ဘီလျံပေါင်း ၁၃ဝဝ နီးပါးဖြင့် ယခင် ကထက် ထက်ဝက်ကျော်ခုန်တက်ကာရသွားပြီး ပညာရေး၊ ကျန်းမာရေးတို့တွင် အသုံးစရိတ်များအား လွှတ်တော်မှ ဆက်တိုက်ဆိုသလို ပိုမိုချထားပေးနိုင်ခဲ့သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောခွင့်ရအရာရှိက အချက်အလက်ဖြင့် ထောက်ပြသည်။

”ရဲ၊ ဝန်ထမ်း စတာတွေကို ဒီမှာ အကန့်အသတ်နဲ့ ခန့်ထားရသေးတယ်။ လစာကလည်း မလုံလောက်သေးဘူး။ အခွန်ရမှုနည်းတာကိုး။ ဥပမာ အခွန်ဝန်ထမ်းဆို တစ် နိုင်ငံလုံးမှာမှ လူ ၄ဝဝဝ လောက်ပဲ လုပ်နေရတယ်။ ဒီလူနဲ့ပဲ အခွန်ရဖို့လုပ်နေရတယ်။ ဒီတော့ လူမနိုင်ဘူး”ဟု ၎င်းက ပြောသည်။ အစိုးရက ပြဋ္ဌာန်းခဲ့သော အခွန် ဥပဒေများတွင် လိုက် နာမှုရှိရမည့်အချက်များနှင့် ဖောက်ဖျက်ပါက ခံယူရမည့် ဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း လက်ရှိအချိန်အထိက ပညာပေးမှု၊ စည်းရုံး မှုဖြင့် သာသွားနေသေးကြောင်း အခွန် စိစစ်ကောက်ခံမှု ဘုတ်အဖွဲ့က ထောက်ပြထားသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ”အခွန်ထမ်းသူက အခွင့်အရေးကို တစ်ဦးတည်းမရပါဘူး။ အများနည်းတူ မိမိလည်းပါဝင်ခံစားရပါ့မယ်။ ဥပမာဆေး ရုံကြီးကို ပြည်သူ့အခွန်နဲ့ ဆောက်ပါတယ်။ ဒီအခါမှာ မိမိ က အခွန်အများကြီးထမ်းလို့ ခုတင်နှစ်လုံးယူလို့မရပါဘူး။ အခြားအခွန်ထမ်းသူ၊ အခွန်မထမ်းသူတွေလိုပဲ တစ် လုံးပဲ ရပါမယ်”ဟု ပြောသည်။

အခွန်က အများပြည်သူသုံးစွဲရသော လမ်းတံတား၊ ကျောင်း၊ ဆေးရုံ စသည်တို့တွင်သာ ဝင်ရောက်သည်ဖြစ်သော်လည်းပဲ အခွန်ဆောင်ခြင်းဖြင့် မိမိတစ်ဦးတည်းရရှိ ခံစား ရမှုတို့လည်း ရှိပါသည်ဟု ၎င်းကဆက်ပြောသည်။ ”ဥပမာ အိမ်ဝယ်မယ့်သူက အမြဲပဲဝင်ငွေအပေါ် အခွန်ဆောင်တယ်။ အဲဒီဝင်ငွေအပေါ် စိစစ်ပြီး အစိုးရ အ ပေါ် ပေးေ ဆာင်ရတဲ့ အခွန် ၃ဝ ရာခိုင်နှုန်း သက်သာခွင့် ရှိတယ်။ ဒီအကျိုးတွေလည်းရပါတယ်”ဟု ၎င်းကပြောသည်။

ဒီမိုကရေစီစနစ်ကို သွားလိုလျှင် အခွန်စနစ်က ပူးတွဲပါလာ၍ ဒီမိုကရေစီကို ရပြီဆိုလျှင် အခွန်ပါတောင်းဖို့လိုကြောင်း အစိုးရကလည်း ထိုအခွန်အပေါ် မျှတပွင့်လင်းစွာ သုံးရမည့်တာဝန်လည်းရှိသည်ဟု ၎င်းက ဆက်ပြောသည်။ ဦးဇင်ဦးက ”အုပ်ချုပ်သူဆိုတာက ပြည်သူ့ငွေကိုစားပြီး အုပ်ချုပ်ရတဲ့အတွက် ပြည်သူ့အကျိုးပဲ ကြည့်တယ်။ အရင် လို ဟောက်စား၊ စော်ကားလို့ လည်းမရဘူး။ ဒါဆို အခွန် စနစ်ကို ပြည်သူတွေ လက်ခံပြီ”ဟု ပြောသည်။

လက်ရှိ အခွန်ဥပဒေတို့မှာ အင်္ဂလိပ်ခေတ်က ဥပဒေတို့ဖြစ်ပြီး ပြင်ဆင်မှုကို ခေတ်နှင့်အညီ မလုပ်ခဲ့သော အားနည်းချက်များရှိသည့်အခါတွင် အခွန်ဥပဒေကို ပြင်ဆင်မှုနှင့် အများလက်ခံလာအောင်လုပ်ရဦးမည်ဟုလည်း ၎င်းက ဆက်ပြောပြန်သည်။ Thura Swiss ကုမ္ပဏီမှ ဦးအောင်သူရက ”ကိုယ်ကတော့ အခွန်ပေးတယ်။ ဒါပေမဲ့ ကိုယ့် အိမ်ရှေ့က လမ်းတောင်မှ အစိုးရက မလုပ်ပေးလို့ ကိုယ်ထူကိုယ်ထလုပ်နေရတယ်ဆိုလည်း မဟုတ်သေးဘူး”ဟု ထောက်ပြသည်။

အစိုးရက လိုအပ်ချက်များ ဖြည့်ဆည်းရမည့်အပြင် အခွန်ဌာနကလည်း မသမာမှုရှိသော လုပ်ရပ်များကို ရှောင်ကြဉ်နိုင်မှ လူထုကလိုက်ပါလာမည်ဟု အထက်ပါ ပုဂ္ဂိုလ် အသီးသီးက သုံးသပ်ပေးခဲ့ကြသည်။ ၂ဝ၁၂ ခုနှစ်က အခွန်အရာရှိ ၃ဝ ကျော်ကို အစိုးရမှ ဖြုတ်၊ ထုတ်အရေးယူခဲ့မှုကို လူသိရှင်ကြား ထုတ်ပြန်မှုရှိခဲ့ သောကြောင့် အခွန်ေ ကာက်ခံမှုတွင် မသမာမှုရှိနေသည်ကို လူထုက နားလည်ခံစားသွားရပြီဖြစ်၍ အစိုးရက ထိုအရာကို ပိုမိုစိစစ်ကာ ထပ်ရှင်းပြီး အခွန်ရှောင်သူ လုပ်ငန်းရှင်ကြီး များကို အခွန်ဆောင်စေရန် တိကျပြတ်သားစွာ အရင်လုပ်ရ မည်ဟု ၎င်းတို့က သုံးသပ်ချက်ထဲတွင် ထပ်မံအကြံပြုကြသည်။ အခွန်ဆိုင်ရာ အကြံပေးဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူ တစ်ဦးက ”အစိုးရကို ယုံပေးဖို့လိုပါတယ်”ဟု ပြောသည်။

မင်းသုအောင်၊ တင်ထက်၊ အောင်ဇော်ထူး

popular Myanmar news journal