အစိုးရ ပေးထားသည့် ကတိ ၈၀၀ ခန့်မှ ၃၀ ကျော်သာ ပြီးစီး

ပို့စ်တင်ချိန် - 3/05/2014 07:31:00 PM


5-3-2014

မြန်မာ့ပါလီမန်သက်တမ်း သုံးနှစ်အတွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးများ၏ လွှတ် တော်အတွင်း ပြန်လည်ဖြေကြားရသည့် ကြယ်ပွင့်ပြမေးခွန်းများအတွက် အစိုးရဘက်မှ ကတိက၀တ်ဖြစ် သောလုပ်ငန်း ၄၄၀၊ ကိုယ်စားလှယ်သို့ တိုက်ရိုက်အကြောင်းပြန်သည့် ကြယ်ပွင့်မပြမေးခွန်းများအတွက် ကတိပေါင်း ၈၈၄၊ စုစုပေါင်း ၁၃၂၄ တို့ရှိပြီး မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်း ၇၇၈ ခု ရှိသည့် အနက် လုပ်ငန်း ၃၂ ခုတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် အစိုးရအာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အစိုးရ ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပထမအကြိမ် ပြည်သူ့လွှတ် တော် ပထမပုံမှန်အစည်းအဝေးမှ သတ္တမပုံမှန်အစည်းအဝေးအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ကတိက၀တ်ဖြစ်ပြီးသည့် လုပ်ငန်းများအနက် ပြီးစီးကြောင်း ပြန်ကြားထားသည့် လုပ်ငန်း ၃၂ မျိုး တို့ကို အဖွဲ့လေးဖွဲ့ခွဲ၍စစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံးနီးပါး ပြီးစီးနေကြောင်း တွေ့ရသည်ဟု ယနေ့ ပြည် သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးသို့ တင်သွင်းသော အဆိုပါ ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

၎င်းအစီရင်ခံစာအရ ကတိက၀တ်အတိုင်း ဆောင်ရွက်ပြီးစီးသော လုပ်ငန်း ၃၂ ခုတို့ကို ကော်မတီက အ ဖွဲ့လေးဖွဲ့ခွဲပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ လုပ်ငန်းကိုးခုနှင့် မကွေးတိုင်းဒေ သကြီးရှိ လုပ်ငန်းနှစ်ခုတို့အတွက် ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့် ဦးဆောင်သည့် အဖွဲ့(၁)က လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းလေးခုနှင့် ရှမ်းပြည်နယ်ရှိ လုပ်ငန်းနှစ်ခုတို့အား ကော် မတီအဖွဲ့ဝင် ဦးသန်းနွယ် ဦးဆောင်သော အဖွဲ့(၂)ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ငန်း သုံးခုနှင့် ရခိုင်ပြည်နယ်ရှိ လုပ်ငန်းနှစ်ခုတို့အား ကော်မတီဝင်ဦးအောင်စိန် ဦးဆောင်သည့် အဖွဲ့(၃)က လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ လုပ်ငန်းလေးခု၊ မွန်ပြည်နယ်ရှိ လုပ်ငန်းတစ်ခု၊ ကရင်ပြည်နယ်ရှိ လုပ်ငန်းတစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းလေးခုတို့ကို ကော်မတီဝင်ဦးဝင်းသန်း ဦးဆောင် သည့် အဖွဲ့(၄)တို့ကလည်းကောင်း သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးမှုများအပေါ် ကော်မတီ၏ တွေ့ရှိသုံးသပ်အကြံပြုချက်များတွင် အစိုးရ၏ကတိက၀တ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအနေအထားကို ဒေသခံပြည်သူတို့ ကျေနပ်ကြကြောင်း၊ သို့ရာတွင် ကျေး လက်နေ ပြည်သူအချို့သည် ကျန်းမာရေးအသိ၊ ပညာရေးအသိ၊ ဥပဒေဆိုင်ရာအသိတို့ အားနည်းနေပြီး မိမိတစ်ဦးတည်း၏ လိုလားချက်၊ ဆန္ဒများကို ရှေ့တန်းတင် အလေးထား တောင်းဆိုမှုများရှိကြောင်း၊ အစိုးရအဖွဲ့ဝန်ထမ်းတို့၏ ဆောင်ရွက်မှုများအပေါ် အထင်လွဲမှားမှုများလည်း ရှိနေကြောင်း၊ နိုင်ငံတော် စီမံကိန်းများကို သတ်မှတ်အချိန်အတွင်း အရည်အသွေးပြည့်မီပြီး ထိရောက်စွာဆောင်ရွက်နိုင်ရန် စိစစ် သည့် ပြည်သူ့ကိုယ်စားလှယ်များ၊ ဆောင်ရွက်နေသည့် အစိုးရအဖွဲ့ဝင်များအချင်းချင်း ဥပဒေနှင့်အညီ အပြန်အလှန် ထိန်းညှိဆောင်ရွက်နေမှုအပေါ် သိမြင်ကြဖို့လိုနေကြောင်း၊ ထိုသို့ ပွင့်လင်းမြင်သာစေရန် သတင်းမီဒီယာတို့ကလည်း ပြည်သူပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် အလေးထား ပူးပေါင်း ဆောင်ရွက် ပေးဖို့ လိုအပ်ကြောင်း တွေ့ရှိရသည်ဟု ပါဝင်သည်။

အဆိုပါကော်မတီ၏ အစီရင်ခံစာတွင် ကတိက၀တ်လုပ်ငန်းများ အားလုံးနီးပါးပြီးစီးကြောင်း တွေ့ရသည် ဟူ၍ ဖော်ပြပါရှိခြင်းကို ကော်မတီဥက္ကဋ္ဌဦးဝင်းစိန်အား မဇ္ဈိမက မေးမြန်းခဲ့ရာ ၎င်းက “ကတိက၀တ်လုပ် ငန်းအားလုံးကို ပြောတာမဟုတ်ဘူး၊ အစိုးရအဖွဲ့ဘက်က ဆောင်ရွက်ပြီးစီးကြောင်း အကြောင်းပြန်လာ တဲ့ ခုနက အဖွဲ့လေးဖွဲ့က သွားပြီး စစ်ဆေးခဲ့တဲ့ လုပ်ငန်း ၃၂ ခုကိုပဲပြောတာပါ၊ မပြီးသေးတဲ့ ကတိက ၀တ်လုပ်ငန်းတွေ အများကြီး ကျန်နေသေးတာကလည်း လုပ်ရမယ့်အချိန်ကို မရောက်သေးလို့ပါ”ဟု ဖြေ ကြားခဲ့သည်။

လွှတ်တော်သို့ ကတိပေးခဲ့သည့် အစိုးရအဖွဲ့ကဆောင်ရွက်ရန် လုပ်ငန်းများတွင် နှစ်လတ်နှစ်ရှည် စီမံ ကိန်းများလည်း ပါဝင်သောကြောင့် အချို့လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ထဲတွင်လည်းကောင်း၊ အချို့ကို ၂၀၁၅-၁၆ နှင့် ၂၀၂၀ ပြည့်နှစ်တို့ရောက်မှလည်းကောင်း အသီးသီး ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားခဲ့သည်။

Mizzima - News in Burmese