ကစားကွင်းရှိ ရေကူးကန်တွင် ကလေးငယ်တစ်ဦး ရေနစ်ခဲ့သဖြင့် သေဆုံး

ပို့စ်တင်ချိန် - 3/28/2014 01:28:00 PM


ရန်ကုန်၊ မတ် ၂၈

၂၇.၃.၂၀၁၄ရက်နေ့ ၁၄၅၀အချိန် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ကစားကွင်းတွင် ကလေးငယ်တစ်ဦးရေနစ်ပြီး ကလေးဆေးရုံကြီးသို့ သေဆုံးရောက်ရှိနေကြောင်းသတင်းအရ သွားရောက်
စစ်ဆေးရာ မောင်ဝေမျိုးအောင်၊ (၁၂)နှစ်၊ မြန်မာ့ဂုဏ်ရည်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၄၅၀အချိန်ခန့်က ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၊ သဘာဝ
ကမ္ဘာကစားကွင်း အတွင်း၊ အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ အနက်(၄.၆)ပေ
ခန့်ရှိ စမ်းချောင်းသာ ကလေးရေကူးကန်တွင် ဖခင်ဖြစ်သူနှင့်အတူရေဆင်း
ကစားစဉ် ရေနစ်ခဲ့သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးသို့ပို့ဆောင်စဉ် လမ်း၌
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police