သယံဇာတ ယိုပေါက်

ပို့စ်တင်ချိန် - 3/09/2014 09:01:00 AM



နေသူမရှိ တဲ့ အိမ်တွေ၊ ပျက်စီး ပြိုကျ နေတဲ့ လူနေအိမ် တွေ၊ ခြုံနွယ် တွေစီးနေတဲ့ နှစ်ရှည် ဥယျဉ်ခြံတွေ၊ ပိုင်ရှင်မဲ့ နေတဲ့ ကျွဲ၊ နွားအုပ် တွေကို မြင်ရတာ မငြိမ်သက် တဲ့ စစ်ပွဲ ဒဏ်ခံ ကျေးရွာတွေရဲ့ ပြရုပ် တွေပါ။ ဒီအခြေအနေ က မြစ်ကြီးနား၊ ဗန်း မော်ကား လမ်းတစ်လျှောက် ရဲ့ မြင်ကွင်း တွေပါပဲ။

                       ၂၀၁၁ ခုနှစ် ဇွန်လက စပြီး မြန်မာ့ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲ တွေပြန်လည် ဖြစ်ပွားခဲ့ တာခုဆိုရင် သုံးနှစ် နီးပါးရှိခဲ့ပါပြီ။ ဒီစစ်ပွဲတွေ ရဲ့ အကျိုးဆက် တွေကြောင့်ပဲ မြန်မာ နိုင်ငံထဲက သယံဇာတ တွေ နိုင်ငံခြား တိုင်းပြည်တွေ ကို နည်းလမ်း မျိုးစုံ နဲ့ ခိုးထွက် နေခဲ့တာပါ။

                       ကချင်ပြည်နယ် က တရုတ် နိုင်ငံ နဲ့ ထိစပ် နေတာကြောင့် တရုတ် နိုင်ငံသား တွေက ကချင်ပြည်နယ် ထဲ ကို နည်းမျိုးစုံ နဲ့ ၀င်ရောက်ပြီး မြန်မာ့ သယံဇာတ တွေကို ရှာဖွေ၊ တူးဖော် ခုတ်လဲစတဲ့ နည်းလမ်း တွေ နဲ့ စီးပွား ရှာနေခဲ့တာ နှစ်ပေါင်းများ စွာ ရှိခဲ့ပါပြီ။

                       ““အရင် ကတော့ သုံးနားညီ ပေါ့။ တပ်ရယ်၊ KIA ရယ် ကုန်သည် ရယ် နားလည်မှုနဲ့ စီးပွားရေး လုပ်ငန်း တွေလုပ်ခဲ့တာပါ””လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းက တပ်မတော် အရာရှိ တစ်ဦးက ပြောပါတယ်။

                       ၁၉၉၄ ခုနှစ် KIA နဲ့ တပ်မတော်  အစိုးရ တို့ကြားအပစ် အခတ်ရပ်စဲ ရေး လုပ်ခဲ့ပြီး နောက်ပိုင်း တရုတ် နိုင်ငံသား တွေအနေနဲ့ KIA ထိန်းချုပ် နယ်မြေထဲ မှာ သစ်လုပ်ငန်း၊ ကျောက်မျက် လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း တွေကို အခွန်အခ ပေးဆောင်ပြီး လုပ်ကိုင်မှု တွေပြုခဲ့ပါတယ်။ တရုတ် နိုင်ငံသား တွေရဲ့ ငှက်ပျော စိုက်ခင်း တွေ ရာဘာ စိုက်ခင်း တွေက လိုင်ဇာ အနီး ပတ်ဝန်းကျင် ဒေသတွေမှာ လက်ညှိုး ထိုးမလွဲ ရှိနေတာ ပါ။ ခုချိန်မှာ တော့ အားလုံးက ချုံနွယ် တွေ ဖုံးလွှမ်း ထားပါပြီ။ စိုက်ပျိုးရေး လုပ်ငန်း၊ ရွှေတူး လုပ်ငန်း တွေထက် ဒေသ မတည်ငြိမ် မှုကြောင့် အမြတ် အများကြီး ရှိတဲ့ သစ်လုပ်ငန်း ကို တရုတ် ကုန်သည်တွေ ပိုပြီး စိတ်ဝင် စားကြ တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

                       ““ကျွန်တော် တို့ သစ်မှောင်ခို လုံးဝ မလုပ်ဘူး။ ကျွန်တော် တို့က အစိုးရဖြစ်တဲ့ အတွက် ကိုယ့်ဒေသ အတွင်း ဖြတ်တဲ့ ကုန်သည် တွေဆီ ကတော့ အခွန် ကောက်တယ်””လို့ KIA က တာဝန်ရှိသူ တစ်ဦးက ပြော ပါတယ်။

                       တစ်နိုင်ငံလုံး အပစ် အခတ်ရပ် စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေချိန် ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းမှာ တပ်မတော် နဲ့ KIA တို့ကြား တိုက်ပွဲ အချို့ပြန်ဖြစ် ခဲ့ပါတယ်။ ဒီ တိုက်ပွဲ တွေဖြစ်ပွား ရခြင်းဟာ  သယံ ဇာတခိုး ထုတ်မှုတွေကို KIA က ကာကွယ် ပေးထားလို့ ဖြစ်တာ လို့ တပ်မတော် ဘက် အခိုင် အမာ ပြောကြား သလို KIA တာဝန်ရှိ သူတွေ ကတော့ သယံဇာတ ကို အကြောင်း ပြပြီး ဧရာဝတီမြစ်နဲ့ မြစ်ကြီးနား ဗန်းမော် ကားလမ်းကြားက KIA တပ်စခန်း တွေကို ရှင်းလင်း နေတာ လို့ ပြန်လည် တုံ့ပြန် ပြောဆိုကြ တယ်။ ဘယ်လို အခြေ အနေတွေ ကြောင့်ပဲ ဖြစ်ပါစေ။ မြန်မာနိုင်ငံ က အဖိုးတန် သစ်တွေ တရုတ် နိုင်ငံထဲ ကို မှောင်ခို ထွက်နေတာ ကတော့ ငြင်းဆန်လို့ မရပါဘူး။

                       ၂၀၁၃ ခုနှစ် အတွင်း က တရုတ် နိုင်ငံကို မှောင်ခို ပို့မယ့် သစ် တန်ချိန် ၁၆၀၀ ကျော်ဖမ်းဆီး မိခဲ့ ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ အထိ သစ်တန်ချိန် (၄၀၀၀) နီးပါး နဲ့ ကရိန်းယာဉ်၊ သစ်တင်ယာဉ် အစီး (၇၀) ခန့် ကို တပ်မတော်က ဖမ်းဆီး ရမိ ထားသလို တရုတ် နိုင်ငံသား (၁၃) ဦးကိုလည်း ဖမ်းဆီး မိထား တယ်လို့ တပ်မတော် အဆင့်မြင့် အရာရှိတွေက ပြောပါတယ်။

                       ““ကျွန်တော်တို့ ကတော့ သယံ ဇာတ ခိုးထုတ်မှုတွေ ကို ကာကွယ် ရမယ်။ လက်နက်ကိုင် စီးပွားရေး က အရမ်းကြီးတယ်။ သစ်ကားတွေ အတွက် တပ် ကိုညှိတာ တွေရှိတယ်။ ဒီဘက်က လုံးဝ လက်မခံလို့ အခု လိုတွေ မိတာ””လို့ ကချင်ပြည်နယ် အတွင်းရှိ တပ်မတော် တိုက်ခိုက် ရေး တပ်တစ်ခုမှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပါတယ်။

                       မြန်မာနိုင်ငံက ထွက်တဲ့ ကျွန်း သစ်နဲ့ တမလန်းသစ် တွေကို တရုတ် နိုင်ငံသားတွေ အလွန် သဘောကျ တယ်လို့ သိရပါတယ်။ တမလန်း သစ်နဲ့ လုပ်ထားတဲ့ ထိုင်ခုံတွေ က တရုတ်နိုင်ငံမှာ ဈေးကွက် အကြီး အကျယ်ရှိပြီး ဒီထိုင်ခုံ တွေနဲ့ ထိုင် ရင် ကျန်းမာရေး ကောင်းတယ် ဆို တဲ့ ယုံကြည်ချက် ကြောင့်လည်း မြန်မာနိုင်ငံထဲ က တမလန်းသစ် တွေကို နည်းမျိုးစုံ နဲ့ ခိုးထုတ် နေတာ လို့ ဒေသခံပြည်သူ အချို့ဆီက သိရ ပါတယ်။

                       မြန်မာနိုင်ငံ က ခိုးထုတ်သွား တဲ့ တမလန်းသစ် တစ်တန်ရဲ့ တန် ဖိုးက တရုတ် နိုင်ငံ အတွင်းမှာ မြန်မာ ငွေ သိန်း (၃၀၀)ခန့်ဈေး ရှိတယ်လို့ သိရပါတယ်။ ဒီလို တန်ဖိုး ရှိတာမို့ လို့လည်း တရုတ် နိုင်ငံသား ကုန်သည် တွေက ယန္တရား မျိုးစုံနဲ့ ကချင်ပြည်နယ် အတွင်းမှာ လမ်းတွေ ဖောက်ပြီးသစ် တွေကို ခိုးထုတ်နေ ကြတာပါ။ မြစ်ကြီးနား ဗန်းမော် ကားလမ်းမ တစ်လျှောက်မှာ သစ်ခိုး ထုတ်တဲ့ ကားလမ်း (၇)ခုကို တွေ့ ရှိထား လို့ တပ်မတော်က မိုင်းထောင်ပြီး ပိတ်ဆို့ ထားပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ထဲကို ဒီလို ယာဉ် ယန္တရားတွေနဲ့ လမ်းဖောက်ပြီး သယံဇတ တွေကို ခိုးထုတ် နေတာကတော့ အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံရဲ့ လူကြီး လူကောင်း မပီသမှု တစ်ခု ဆိုရင်လည်း မမှားပါ ဘူး။ ဒါပေမဲ့ လည်း ဒီလိုတိုင်း ပြည်ရဲ့ သယံ ဇာတတွေ ခိုးထုတ်ခွင့် ရဖို့ အတွက် အစိုးရ ၀န်ထမ်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ အချို့သော စီးပွားရေး သမား နိုင်ငံသားတွေ မပါရင်တော့ မဖြစ်နိုင် ပါဘူး။

                       ကချင်ပြည်နယ် လိုင်ဇာ ကနေ တရုတ် နိုင်ငံထဲကို သစ်တွေ ထွက် နေတယ် ဆိုတာ မှန်ပေမယ့် ဒီသစ် တွေက ကချင်ပြည်နယ် ထဲကမဟုတ် ဘဲ အခြားသော တိုင်း ဒေသကြီးနဲ့ ပြည်နယ် တွေက စီးဝင်လာတဲ့ သစ် တွေဖြစ်ပြီး အစိုးရ ဂိတ်တွေကို ဖြတ်သန်း လာတဲ့သစ်တွေ ဖြစ်တယ် လို့  KIA ဘက်က ပြောဆိုပါတယ်။

                       သစ်ထုတ် လုပ်မှု မူလအခြေခံ ဒေသ ကတော့ ဧရာဝတီမြစ်ရိုး ကို အခြေခံပြီး ထုတ်လုပ် နေတာဖြစ်ပြီး  မဘိမ်း၊ မိုးမိတ်၊ ကသာ၊ ရွှေကူ ဘက် က စစ်ကြောင်း တွေနည်းပါး တဲ့နေရာတွေ ကနေ လိုင်ဇာ အနီးထိ ၀င်ရောက် လာတာဖြစ်တယ်လို့ တပ်မတော် ဘက်က ခန့်မှန်း ပြောဆို နေကြပါတယ်။

                       လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အချို့ကြောင့် သစ်တန် ချိန် များစွာ ဖမ်းဆီးမှု ဖြစ်ပေါ်မှသာ တရုတ် နိုင်ငံဘက်ကို သစ်ခိုး ထုတ်မှုတွေဟာ မီဒီယာ စာမျက်နှာ ထက် မှာပေါ်လာတာ ဖြစ်ပေမယ့် အရင် အရင်က ဘယ် အတိုင်းအတာ ထိ ခိုးထုတ် ခဲ့မယ်ဆိုတာ  ခန့်မှန်းဖို့  တောင် ခက်ခဲမှာပါ။  ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး စတဲ့ ဒေသ တွေ ဘက်က သယ် ထုတ်လာတဲ့ သစ်တွေ အတွက် အစိုးရရဲ့ ကိုင် တွယ်ပုံ က အရေးကြီး သလို၊ အဲဒီ ဒေသတွေ မှာ ပိတ်ထားရင် KIA ပိုင်နက် ထဲထိ မရောက် လာနိုင်ပါ ဘူး။ ရွှေလီမှာ ရပ်ထား တဲ့ သစ်ကား တွေကိုကြည့်ရင် အဖြေကို ရှာဖို့လို တယ်လို့ KIA ဘက်က အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြော ကြားပါတယ်။

                       ကျင်းပ ဆဲဖြစ်တဲ့ န၀မအကြိမ် မြောက် လွှတ်တော် အစည်းအဝေး မှာတော့ တရုတ် နိုင်ငံသား တွေ မြန်မာ နိုင်ငံထဲကို တရားမ၀င် ၀င်ရောက် လုပ်ကိုင်မှု တွေအတွက် တရုတ်သံရုံး ကို အသိပေး အကြောင်း ကြာစာပို့ ထားတယ် လို့ သမ္မတ ရုံးဝန်ကြီး ဦးစိုးမောင်က လွှတ်တော် ကိုယ်စား လှယ်တွေ ကိုပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အနေနဲ့လည်း ကချင် ပြည်နယ် အတွင်းရှိ ကြိုးဝိုင်း ကြိုး ပြင် ကာကွယ် တောတွေ ထဲမှာ တရား မ၀င် သစ်ထုတ်မှု နဲ့ သတ္တု တူးဖော် မှုတွေ အတွက် သံတမန် နည်းလမ်း နဲ့ ကန့်ကွက် ပြောကြားမှု တွေကို နယ်စပ် ဆွေးနွေးပွဲတွေ မှာ ပုံမှန်ဆောင် ရွက်နေတယ် လို့လည်း သမ္မတရုံး ၀န်ကြီးက ဖြေကြား ခဲ့ပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ် အတွင်းက မြို့နယ် တချို့မှာတော့ တရုတ်နိုင်ငံ သားတွေ အလုံး အရင်းနဲ့ ၀င်ရောက် ပြီး သစ် ထုတ်လုပ်မှုတွေ၊ သတ္တု တူးဖော်မှုတွေ လုပ်ဆောင်နေတာ အများအပြား ရှိနေဆဲပါ။

                       သစ်ကားတွေ ဖြတ်သန်းခွင့် အတွက် အခွန် ကောက်တာနဲ့ ရွှေ တွင်း တွေဆီက အခွန် ကောက်တာ အတွက် တရားဝင် တယ်လို့ KIA က ခံယူထားပြီး၊ မူးယစ် ဆေးဝါးနဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ လုပ်ငန်း တွေ ကသာ တရား မ၀င်တာလို့ ပြော ပါတယ်။ ဒီလို အခွန်ငွေတွေ ကောက် ခံမှပဲ အဖွဲ့ အစည်းဖွံ့ဖြိုးရေး၊ ဒေသ ဖွံဖြိုးရေး အတွက် အဆင်ပြေမှာ ဖြစ် တဲ့ အပြင် မြစ်ကြီးနား၊ ဗန်းမော်လမ်း ကို KIA က သစ်နဲ့ အခြား လုပ်ငန်း တွေက ကောက် ခံခဲ့တဲ့ အခွန်တွေနဲ့ ခင်းထား တာလို့ သိရပါတယ်။

                       ““ကျွန်တော်တို့ အခွန် ကောက် တယ်ဆိုတာ ဟုတ်တယ်၊ ကျွန်တော် တို့အိတ်ထဲ ကောက်ထည့်တာ မပါ ဘူး။ လမ်း တစ်လျှောက် ဂိတ်တွေမှာ ကောက်နေတဲ့ ငွေတွေ နိုင်ငံတော် ဘဏ္ဍာထဲ ၀င်လို့လား၊ ကျွန်တော်တို့ ကောက်တာ လူထု အတွက် ပြန် သုံးတာ။ အစိုးရ ဘက်က ကောက် နေတာတွေ ဘယ်ရောက် ကုန်လဲ”” လို့ KIA အဆင့်မြင့် တာဝန် ရှိသူ တစ်ဦးက တရုတ် နိုင်ငံကို ထွက်နေ တဲ့ သယံဇာတ တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်ပါတယ်။

                       ပထ၀ီ နိုင်ငံရေး အရ အိမ်နီးချင်း ဖြစ်နေတဲ့ တရုတ် နိုင်ငံက မြန်မာ နိုင်ငံ ထဲက စစ်ဘေး ရှောင်ပြည်သူ တွေအတွက် လှူဒါန်းမှု လုပ်တာတွေ က ဒီနိုင်ငံက နေ တရားမ၀င် ထုတ် သွားတဲ့ သယံဇာတ တွေနဲ့ နှိုင်းယှဉ် ရင် အဆမတန် ကွာခြားပါတယ်။ မြန်မာနိုင်ငံထဲ က သယံဇာတ တွေကို နည်းမျိုးစုံနဲ့ ထုတ်ယူ နေပြီး၊ မြန်မာ နိုင်ငံ ကို မှောင်ခို ဈေးကွက် တစ်ခု အဖြစ် သဘောထား နေတဲ့ မူဝါဒကို တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ စီးပွားရေး သမားတွေ စုပေါင်းပြီး ဟန့်တား နိုင်မှသာ ထိုက်တန် တဲ့ ဈေးနှုန်းနဲ့ သယံဇာတ တွေကို ရောင်းချ နိုင်မှာပါ။

                       တရုတ် ကုန်သည်တွေ နဲ့ နိုင်ငံသား စီးပွားရေး သမားတွေ က ငွေ ထုတ် ပိုက်ပြီး ငွေလမ်း ခင်းမယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကလည်း ဆက်လက် ရပ်တည်ဖို့ အတွက် အခွန် ကောက် ခံပြီး ဖြတ်သန်းခွင့် ပြုနေကြမယ်၊ မြန်မာနိုင်ငံ အစိုးရ လက်အောက် က အကျင့်ပျက် ၀န်ထမ်း တွေကလည်း ငွေမျက်နှာပဲ ကြည့်နေမယ် ဆိုတဲ့ သုံးနားညီ သီအိုရီ မပျက်သ၍ မြန်မာ နိုင်ငံထဲ က အဖိုးတန် သယံဇာတ တွေ စိနတိုင်း ကို ခိုးထွက် နေမှာကတော့ သေချာ ပါတယ်။

                       နယ်မြေချင်း ထိစပ် နေတဲ့ ကချင်ပြည်နယ် ထဲက သစ်တွေ တင် မကဘဲ အခြားသော တိုင်းဒေသကြီး နဲ့ ပြည်နယ် တွေက သယံဇာတတွေ၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းက သဘာဝတရားရဲ့ အဖိုးတန် အမွေအနှစ် တွေ တရုတ် နိုင်ငံထဲကို တရား မ၀င် စီးဆင်း နေတာကို အမြန်ဆုံး တားဆီး ကာကွယ်နိုင်ဖို့ ဘယ်သူ တွေက တာဝန် ယူမလဲဆိုတာက တော့.......

Messenger News Journal