ပိုင်နက်ကျော်လာသည့် ဆီးရီးယားလေယာဉ်ကို တူရကီ ပစ်ချ

ပို့စ်တင်ချိန် - 3/24/2014 05:15:00 PM


တူရကီ လေပိုင်နက်ထဲကို ကျော်ဝင်လာတဲ့ ဆီးရီးယား လေယာဉ်တစင်းကို တူရကီ စစ်တပ်က မတ် ၂၂ ရက်နေ့က ပစ်ချလိုက်ပါတယ်။

ဆီရီးယား သူပုန်အုပ်စုနဲ့ အစိုးရတို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တူရကီနယ်စပ်မှာ ဆီရီးယား လေယာဉ်က နယ်ကျော်သွားတဲ့နောက် တူရကီဘက်က ပစ်ချခဲ့တာလို့ တူရကီဝန်ကြီးချုပ် တာရစ် အာဒိုဂန်က ကိုကယ်လီမြို့မှာ သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

ဆီရီးယားသူပုန်တွေဟာ  ကာဆက်နယ်စပ်ဒေသကို မတ် ၂၁ ရက်နေ့ကတည်းက ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆီရီးယားသူပုန်တွေကို တူရကီစစ်တပ်က ကျောထောက်နောက်ခံပေးထားတယ်လို့ ဆီးရီးယားအစိုးရက စွပ်စွဲနေပါတယ်။

DVB Burmese