ရန်သူတွေ

ပို့စ်တင်ချိန် - 3/19/2014 09:24:00 AM



"ဓား" နှင့်လာသော ရန်သူထက် "စကား"နှင့်လာသော ရန်သူက ပိုကြောက်စရာကောင်းကြောင်း သတိမူသင့်၏။

"စကား" နှင့်လာသော ရန်သူထက် "အကြွား" နှင့်လာသော ရန်သူက ပိုကြောက်စရာကောင်း၏။

"အကြွား" နှင့်လာသော ရန်သူထက် "အမှား" နှင့်ဝင်လာသော ရန်သူက ပို၍ပို၍ ကြောက်စရာကောင်း၏။

"ပြင်ပ" မှလာသော ရန်သူထက် "ကိုယ်တွင်း" မှ ဖြစ်သော ရန်သူက သာ၍ ကြောက်စရာကောင်းတော့၏။

တစ်ဖန် ကိုယ်မှဖြစ်သော ရန်သူထက် "စိတ်တွင်း"မှဖြစ်ပေါ်လာသော ရန်သူသည်ကား မကောင်းသော ကြောက်စရာဖြစ် သဖြင့် ကြောက်စရာအကောင်းဆုံး မကောင်းတို့ချည်းဟူ၍ ဆုံးဖြတ်ထားရာ၏။

အဘယ့်ကြောင့်ဆိုသော် ကိုယ်မှဖြစ်သော ရန်သူသည်ကား အဝေးမှလည်း မြင်နိုင်ရာ၏ ၊ အနီးသော်မှလည်း မြင်နိုင်ရာ၏။

သို့ကြောင့် ရှောင်၍ တိမ်း၍ အထူးလွယ်ကူလှပြီ။

စိတ်တွင်းမှ လာသော ရန်သူသည်ကား မိမိသွားရာအမြဲပါပြီး မမြင်သာလွန်း၍ ရှောင်တိမ်းရကောင်းမှန်းပင်
မသိသောကြောင့်တည်း။

(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

နှလုံးသားအာဟာရ