တရုတ်ရဲတစ်ဦးအား သတ်ဖြတ်သည့် တိုက်ခိုက်သူကို အသေပစ်ခတ်ဖမ်းဆီး

ပို့စ်တင်ချိန် - 3/20/2014 05:47:00 AM


ရှီဂျီအန်းသည် ဟန်တရုတ်လူမျိုးများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လေ့ရှိသည့် အွိုင်ဂါမွတ်ဆလင်များ အဓိက နေထိုင်သည့် ဒေသလည်း ဖြစ်သည်။
တရုတ်နိုင်ငံ၊ အနောက်ပိုင်းရှိ ရှီဂျီအန်း ဒေသတွင် ရဲအရာရှိ တစ်ဦးအား သတ်ဖြတ်သူ အကြမ်းဖက်သမား တစ်ဦးအား အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ရှီဂျီအန်းသည် ဟန်တရုတ်လူမျိုးများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လေ့ရှိသည့် အွိုင်ဂါမွတ်ဆလင်များ အဓိက နေထိုင်သည့် ဒေသလည်း ဖြစ်သည်။ ရှီဂျီအန်း၏ မြို့တော်ဖြစ်သော အူရမ်ကွီတွင် တနင်္လာနေ့က လူတစ်ဦးသည် ရဲအရာရှိ တစ်ဦးကို လက်နက်ကိုင် တိုက်ခိုက်သတ်ဖြစ်ခဲ့ကြောင်း တရုတ်သတင်းဌာနများက ဖော်ပြခဲ့သည်။ မည်သည့်လက်နက် အမျိုးအစားကို အသုံးပြုခဲ့သည် ဆိုခြင်းမှာမူ ကွဲကွဲပြားပြား မရှိလှချေ။ တိုက်ခိုက်မှုအတွင်း ရဲအရာရှိမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားကြောင်း သတင်းများက ဆိုသည်။ နောက်ထပ် ရောက်လာသည့် ရဲများက အကြမ်းဖက်သမားကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
အူရမ်ကွီတွင် အခြေစိုက်သည့် ကွန်မြူနစ်ပါတီက လွှင့်တင်ထားသော Hongshannet.cn ဝက်ဘ်ဆိုက်က အကြမ်းဖက်သမားသည် အက်ဆူဒေသမှဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းဒေသသည် ရှီဂျီအန်၏ အနောက်ဘက်ဖျား ကိုင်ဂျစ်စတန်နှင့် နယ်ခြားတွင် တည်ရှိသည်။ အွိုင်ဂါတို့သည် ယခင်က ဟန်တရုတ်တို့နှင့် တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရန်စလည်း ရှိသည်။ မတ်လ (၁)ရက်နေ့က အွိုင်ဂါများဟု ယူဆရသည့် မျက်နှာဖုံးစွပ် အကြမ်းဖက်သမား တစ်စုက ယူနန်ဒေသရှိ ဘူတာရုံတစ်ခုတွင် ဓားများဖြင့် ဝင်ရောက်ထိုးခုတ် တိုက်ခိုက်ရာ လူပေါင်း(၂၉)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network