၄၆ နှစ်ကြာ ထောင်ဒဏ်ကျခံရပြီးနောက် ဂျပန်အမျိုးသားတစ်ဦး အမှုပြန်လည်စစ်ဆေး

ပို့စ်တင်ချိန် - 3/28/2014 01:30:00 PM


အိုဆာကာ မတ် ၂၇

ကြိုးမိန့်ကျပြီး ဆယ်စုနှစ်လေးခု ကျော်ကြာ ထောင်ချခံခဲ့ရသူ အမျိုး သားတစ်ဦးကို ဂျပန်တရားရုံးက ပြန် လည်စစ်ဆေးမှုပြုလုပ်မည်ဖြစ်သည်။ ဟာကာမာဒါသည် ၁၉၆၈ ခုနှစ်က ၎င်း၏သူဌေးနှင့် မိသားစုကိုသတ် သည့် အမှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရ ခြင်းဖြစ်သည်။

အသက် ၇၈ နှစ်အရွယ် ဟာ ကာမာဒါသည် ရက် ၂ဝ ကြာ စစ် ဆေးခံနေရချိန်တွင် အရိုက်ခံခဲ့ရပြီး ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်း နောက် တရားရုံးတွင်လည်း ဖြောင့် ချက်ပေးခဲ့သည်။ ဂျပန်ရဲအရာရှိများ သည် ၎င်းဖာင့်ချက်ဖြင့် တရားစွဲဆို မှုများ ဆက်လက်ပြုလုပ်သွား မည် ဖြစ်သော်လည်း ဝေဖန်ရေးသမားများ က ၎င်းတို့၏ ဖိအားပေးမှု များကြောင့် ယခုကဲ့သို့ ဖြောင့်ချက်ရရှိခဲ့ခြင်းဖြစ် သည်ဟု ပြောခဲ့သည်။

ဖော်ပြချက်တစ်ခုတွင် အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဟာကာမာဒါသည် ကြိုးမိန့် ချခံရသူတွင် ထောင်ကျသက်တမ်း အရှည်ဆုံးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

၎င်းးသည် ဖိအားပေး ဖြောင့် ချက်များအပေါ် အခြေခံ၍ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး ဒီအင်န်အေ အထောက်အထားများနှင့် ပတ်သက် သည့် မေးခွန်းများကို ဖြေကြားခဲ့ခြင်း မရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဒါရိုက်တာ က ပြောခဲ့သည်။

ဟာကာမာဒါ၏ အစ်မဖြစ်သူ အသက် ၈၁ နှစ်အရွယ် ဟီဒီကိုသည် ပြန်လည်စစ်ဆေးမှုအတွက် နှစ်များ စွာကြာ အတိုက်အခံပြုလုပ်ခဲ့သည်။

BBC Burmese