အိန္ဒိယမှ ရွေးကောက်ပွဲနေ့ရက်များကို ကြေငြာ

ပို့စ်တင်ချိန် - 3/05/2014 07:50:00 PM


မတ်လ ၅။မတ်လ ၅။

အိန္ဒယ အထွေထွေ ရွေးကောက်ပွဲကို ဧပြီလနှင့် မေလများတွင် အဆင့် ကိုးဆင့်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှ ကြေငြာခဲ့သည်။ အောက်လွှတ်တော်အတွက် မဲပေးခြင်းကို ဧပြီလ ၇ ရက်မှ မေလ ၁၂ ရက်နေ့အထိ ကျင်းပပြီး မေလ ၁၆ ရက်နေ့တွင် မဲများကို ရေတွက်သွားမည် ဖြစ်သည်။

တရားဝင် မဲပေးခွင့်ရှိသူ အရေအတွက် ၈၁၄ သန်းဖြင့် အိန္ဒိယ ရွေးကောက်ပွဲသည် ကမ္ဘာတွင် အကြီးဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ လက်ရှိ အုပ်ချုပ်နေသည့် ကွန်ဂရက်ပါတီနှင့် အဓိက အတိုက်အခံ ဘရာတီယာ ဂျနာတာ ပါတီ (BJP) နှစ်ခုသည် ဒေသတွင်း ပါတီငယ်လေးများနှင့်ပါ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပါတီကြီးနှစ်ခု ဖြစ်သည့် ကွန်ဂရက်ပါတီနှင့် BJP ပါတီတို့ကို ယှဉ်ပြိုင်နိုင်ရန် အတွက် ဒေသတွင်း ပါတီငယ် ၁၁ ခု၏ ခေါင်းဆောင်များ စုပေါင်း၍ တတိယ အင်အားစုအဖြစ် စုစည်း ရင်ဆိုင်ကြမည် ဖြစ်သည်။

မြို့တော် ဒေလီတွင် ကောက်ခံခဲ့သည့် စစ်တမ်းများတွင် ထင်ရှားလာသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး အမ်အဒ်မီ ပါတီသစ် (AAP) သည်လည်း ရွေးကောက်မှုများတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အကယ်၍ မည်သည့် ပါတီကြီးကမှ မဲအရေအတွက် ပြတ်ပြတ်သားသား အနိုင်ရမှု မရှိခဲ့လျှင် ပါတီငယ်လေးများ အနေဖြင့် အဆုံးအဖြတ် ပေးနိုင်သော နေရာတွင် တည်ရှိနိုင်သည်။

အိန္ဒိယ၏ အောက်လွှတ်တော်အတွက် နေရာ ၅၄၃ခု ရှိပြီ အစိုးရဖွဲ့စည်းရန် အတွက် အနည်းဆုံး ၂၇၂ နေရာကို အနိုင်ရရှိရမည် ဖြစ်သည်။ အချို့သော ဒေသများတွင် မဲပေးခြင်းကို အဆင့် တစ်ချို့ဖြင့် ကျင်းပမည် ဖြစ်သည်။ ပါလီမန်သစ်ကို မေလ ၃၁ ရက်တွင် ဖွဲ့စည်းရမည် ဖြစ်သည်။

မဲပေးခြင်းများကို

ဧပြီ ၇ ရက်တွင် ပြည်နယ် ၂ ခု မဲဆန္ဒနယ် ၆ ခု
ဧပြီ ၉ ရက်တွင် ပြည်နယ် ၅ ခု မဲဆန္ဒနယ် ၇ ခု
 ဧပြီ ၁၀ ရက် ပြည်နယ် ၁၄ ခု မဲဆန္ဒနယ် ၉၂ ခု
 ဧပြီ ၁၂ ရက် ပြည်နယ် ၃ ခု မဲဆန္ဒနယ် ၅ ခု
 ဧပြီ ၁၇ ရက် ပြည်နယ် ၁၃ ခု မဲဆန္ဒနယ် ၁၄၂ ခု
 ဧပြီ ၂၄ ရက် ပြည်နယ် ၁၂ ခု မဲဆန္ဒနယ် ၁၁၇ ခု
 ဧပြီ ၃၀ရက် ပြည်နယ် ၉ ခု မဲဆန္ဒနယ် ၈၉ ခု
 မေလ ၇ ရက် ပြည်နယ် ၇ ခု မဲဆန္ဒနယ် ၆၄ ခု
မေလ ၁၂ ရက် ပြည်နယ် ၃ ခု မဲဆန္ဒနယ် ၄၁ ခု များတွင် ကျင်းပသွားမည် ဖြစ်သည်။
တရားဝင် မဲပေးခွင့် ရှိသူဦးရေ ၈၁၄သန်းမှာ မဲရုံပေါင်း ၉၃၀၀၀၀ တွင် မဲဆန္ဒများ ပေးနိုင်မည် ဖြစ်သည်။

REF: BBC
The Myanma Age