သေနတ်ပိုင်ရှင်ပဲပစ်လို့ရမယ့် ဂျိမ်းစ်ဘွန်းစတိုင် စမတ်သေနတ်

ပို့စ်တင်ချိန် - 3/17/2014 07:25:00 PM


သေနတ်ပိုင်ရှင်ပဲပစ်လို့ရအောင် လုပ်ပေးခြင်းဖြင့် လက်နက်အကြမ်းဖက်မှုကို ထိန်းချုပ်ပေးနိုင်မယ့် နည်းပညာမြင့် ပစ်စတိုသေနတ်တစ်လက်ကို Armatix ကုမ္ပဏီက တီထွင်ဖန်တီးလိုက်ပါတယ်။

Armatixကလုပ်တဲ့ ကျလောက်စရာ Smart System သေနတ်ပိုင်ရှင်ဟာ သက်သေခံ ရေဒီယိုလှိုင်းထုတ်ပေးဖို့ နာရီကို အသုံးပြုရပါလိမ့်မယ်။ မိမိအပြင် တခြားသူတစ်ဦးဦးက ပစ်ခတ်မှာကို ကာကွယ်ပေးပါလိမ့်မယ်။ ဒီသေနတ်ဟာ “စမတ်နည်းပညာ စိန်ခေါ်မှု ဖောင်ဒေးရှင်း” ကပေးတဲ့ ကန်ဒေါ်လာ (၁)သန်းတန် ဆုကိုရရှိထားတဲ့ နည်းပညာတွေထဲက တစ်ခုပါပဲ။

၂၀၁၂ခုနှစ်မှာ လူ၂၆ယောက်သေခဲ့တဲ့ Sandy Hook မူလတန်းကျောင်း ပစ်ခတ်မှုမျိုး ထပ်မဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တယ်လို့ သိရပါတယ်။

Smart System သေနတ်ရဲ့ ယုတ္တိဗေဒကတော့ ရှင်းပါတယ်။ သေနတ်နဲ့တွဲထုတ်ထားတဲ့ နာရီ ပတ်ထားရင် သေနတ်ပစ်လို့ရမယ်။ နာရီမပတ်ထားဘူးဆိုရင်တော့ သေနတ်ဟာ သုံးမရတဲ့ သတ္တုတုံးသက်သက်ပဲ။

သေနတ်က မီးစိမ်းပြရင် ပစ်ဖို့ အဆင်သင့်ဖြစ်ပြီး မီးနီပြနေရင်တော့ လော့ခ်ကျနေပါတယ်။ သေနတ်နဲ့ နာရီအကြား သတ်မှတ်ထားတဲ့ အကွာအဝေးကျော်လွန်သွားရင် လုံးဝပစ်ခတ်လို့ ရမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ကျူးကျော်တိုက်ခိုက် ယူသွားတာပဲဖြစ်ဖြစ်၊ ပိုင်ရှင်ရဲ့ လက်က လွတ်ကျသွားတာပဲဖြစ်ဖြစ် သေနတ်က လော့ခ်ကျနေမှာပါ။

Ref:dailymail.co.uk
Trend Myanmar