မိသားစုချင်းစနောက်သည်ကို အိမ်နီးချင်းမှ အထင်မှားကာ ရန်ပြုသဖြင့် ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/17/2014 07:22:00 PM


ရန်ကုန်၊ မတ် ၁၇

၁၆.၃.၂၀၁၄ ရက်နေ့ ၂၂၀၀အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်
ကျေးရွာနေ ဦးတင်သိန်းသည် နေအိမ်တွင် ၎င်းမှ မရီးဖြစ်သူ ဒေါ်စန်းရီအား
နောက်ပြောင်နေသည်ကို အိမ်ချင်းကပ်နေ ရဲမင်းသန်း(စုံစမ်းဆဲ)နှင့် ထွန်းထွန်းနိုင်(စုံစမ်းဆဲ)တို့(၂)ဦးက ၎င်းတို့အား နောက်ပြောင်သည်ဟု အထင်မှားကာ နေအိမ်ရှေ့သို့ဆင်းလာရန် ခေါ်သဖြင့် အကျိုးအကြောင်း
ရှင်းပြရန် သွားရောက်ခဲ့ပါသည်။

ထိုသို့သွားရောက်စဉ် ရဲမင်းသန်းက လက်တွင်အသင့်ကိုင်လာသော ၀ါးတုတ်ဖြင့် ဦးတင်သိန်း၏ ဦးခေါင်းကိုရိုက်ခဲ့၍ ဦးခေါင်းပေါက်ပြဲ
ဒဏ်ရာ(၃)ချက်နှင့် ထွန်းထွန်းနိုင်မှ တံစဉ်ဖြင့်ဆွဲခြစ်ခဲ့၍ ၀ဲလက်ကောက်ဝတ်၌ (၃)လက်မခန့်ပတ်ရှဒဏ်ရာ(၁)ချက်၊ ၀ဲလက်မနှင့်
လက်ညှိုးကြားပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိခဲ့သောကြောင့် အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ ခဲ့ရပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင်သိန်း၏ဇနီးဖြစ်သူ ဒေါ်ကြည်ဝင်းမှ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် ထန်းတပင်မြို့မရဲစခန်း
(ပ)၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၅/၃၂၄/၁၁၄ ဖြင့် အမှုဖွင့်ကာ
ပြစ်မှုကျူးလွန်သူ ရဲမင်းသန်းနှင့် ထွန်းထွန်းနိုင်တို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police