ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးနိုင်သော ရုံးသစ်နှစ်ရုံး

ပို့စ်တင်ချိန် - 3/27/2014 03:09:00 PM


လက်ရှိမှာ ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနက ပြုလုပ်ဆောင်ရွက် ပေးနေတဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်း တိုးခြင်းဆိုင်ရာ လုပ်ငန်းများကို အရင်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ မြင်သာ ရုံးတွင်သာ လုပ်ဆောင်နိုင်သောလည်း ယခုအခါ လိုင်စင်သက်တမ်းတိုးသူများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်ပြီးတော့ ဌာနမှ လိုင်စင်သက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်တဲ့ ရုံးသစ်နှစ်ရုံးကို ကြေညာလုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လိုင်စင် သက်တမ်တိုးခြင်း လုပ်ငန်းများကို ယခင် မြင်သာ ရုံးတွင်သာမကပဲ လက်ရှိ ရန်ကုန်ဘူတာကြီးနဲ့ ရွာသာကြီး ရုံးများမှာပါ လုပ်ဆောင်ပေးလျက် ရှိနေတာ တွေ့ရပြီး သက်ဆိုင်ရာ နယ်ပယ်အလိုက် ရုံးများက တာဝန်ယူဆောင်ရွက်ပေးတာ ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ဘူတာကြီးမှာ လိုင်စင်သက်တမ်း တိုးလိုသူများ အနေနဲ့ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗဟန်း၊ ပုဇွန်တောင်၊ ဒဂုံ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်နဲ့ တာမွေမြို့နယ်များမှ သက်တမ်းတိုးလိုသူများကို လုပ်ဆောင်ပေးမှာ ဖြစ်ကာ ရွာသာကြီး ရုံးကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်များမှ သက်တမ်းတိုးလိုသူများကို လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လိုင်စင် သက်တမ်းတိုး စရိတ်များ အနေနဲ့ “ခ” သက်တမ်းတိုးစရိတ်မှာ ကျပ် ၂၇၀၀နဲ့ အခြားသော “ဃ” နဲ့ “င” ကဲ့သို့ သက်တမ်းတိုး စရိတ်များမှာ ကျပ် ၃၀၀၀ဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (IA)
TechSpace Journal