ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်

ပို့စ်တင်ချိန် - 3/22/2014 07:05:00 PM


ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေး နှိုးဆော်ချက်ရပ် ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့မှုကြာလာရင် မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနဲ့ အရေပြားကင်ဆာ ရောဂါတို့ ဖြစ်ပွားနိုင်တယ်လို့ သတိပေး ဖော်ပြထားပါတယ်။

တတ်နိုင်သမျှ နေပူထဲ မထွက်ကြဖို့နဲ့ နေပူထဲထွက်ရင်လည်း အမိုးအကာ လုံလုံခြုံခြုံ ၀တ်ဆင်သွားလာဖို့ တိုက်တွန်းထားပြီး ကလေးသူငယ်တွေဟာ လူကြီးတွေထက် ခရမ်းလွန်ရောင်ခြည်ဒဏ် ပိုခံစားရတာမို့ သတိထားကြဖို့လည်း နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese