သင်္ကြန်တွင်း ၌ အဓိက ငါးနေရာ တွင် စက်ပျက်ယာဉ်၊ ပိတ်ဆို့ယာဉ် များကို ကရိန်းယာဉ် နှစ်ဆယ်ကျော် ဖြင့် ဖယ်ရှား မည်

ပို့စ်တင်ချိန် - 3/22/2014 09:29:00 AM




သင်္ကြန် ကာလ၌ ရန်ကုန်မြို့ ရှိ အဓိက နေရာ ငါးနေရာ တွင် စက်ပျက်ယာဉ်၊ ပိတ်ဆို့ယာဉ် များကို ကရိန်း ယာဉ် အစီး နှစ်ဆယ်ကျော် ဖြင့် ရှင်းလင်း ဖယ်ရှား သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အ မှတ် (၂) ယာဉ်ထိန်း တပ်ဖွဲ့ မှူးရုံး မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် က The Messenger သတင်းစာ သို့ ပြော သည်။ အရင်နှစ် တွေ ကတော့ စက် ပျက်ယာဉ် တွေ၊ လမ်းပိတ်ယာဉ် တွေကို ပုံမှန်ပဲ ဆွဲတာ ပါ။ ဒီနှစ် ကတော့ ကရိန်း နဲ့ ရှင်းတာ၊ နဂို အရှိန် လေးလည်း ရှိတော့ ကြိုးစားပြီး ဆောင်ရွက် သွားမှာပါ။ အဓိက သင်္ကြန် ကာလ မှာ ပြည်သူ တွေပျော် နေတဲ့ အချိန်မှာ စိတ် အနှောင့် အယှက် မဖြစ် အောင် ထိန်းသိမ်း တဲ့ အနေနဲ့ ဆောင် ရွက် မှာပါ ဟု ဒုတိယ ရဲမှူးကြီး လင်းထွဋ် က ဆိုသည်။ ထို ကဲ့သို့ ကရိန်းဖြင့် ရှင်းလင်း ရာတွင် ယာဉ် ပိုင်ရှင် များအား အရေး မယူဘဲ ကရိန်း ဖြင့် သယ်ယူခ များကိုသာ တောင်းခံ မည် ဖြစ်ကြောင်း လည်း သိရသည်။ ကရိန်း ယာဉ် နှစ်ဆယ်ကျော် ဖြင့် ရှင်းလင်း မည့် နေရာ ငါးနေရာ မှာ သိမ်ဖြူ မီးပွိုင့်၊ လှည်းတန်း မီးပွိုင့်၊ ပါရမီ မီးပွိုင့်၊ လမ်းမတော် မီးပွိုင့် နှင့် ကမ္ဘာ အေး မီးပွိုင့် တို့ဖြစ်သည်။ သင်္ကြန် ကာလ တွင် လက်ရှိ ယာဉ် မရပ် နားရ ဟု သတ်မှတ် ထားသော လမ်း စုစုပေါင်း (၆၇) လမ်း တွင် ကရိန်း ဖြင့် အရေး ယူခြင်း ကို ရပ်နား ထားမည် ဖြစ် ပြီး၊ မဏ္ဍပ်များ ထူထပ်ရာ နေရာ များတွင် နှစ်လမ်း သွားလမ်း များကို လည်း တစ်လမ်း သွား အဖြစ် ပြုလုပ် သွားမည် ဖြစ်ကြောင်း ရန်ကုန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှ သိရသည်။
Messenger News Journal