တမူးမြို့တွင် ကွမ်းသီးလုံးခန့်ရှိ မိုးသီးများရွာကျ သွပ်ဈေးကောင်းလျက်ရှိ

ပို့စ်တင်ချိန် - 3/26/2014 10:22:00 AM


တမူး၊ မတ်လ ၂၆။

တမူးမြို့တွင် မတ်လ(၂၃)ရက်၊ ညနေ(၅)နာရီခန့်က မိုးရွာသွန်းစဉ် ကွမ်းသီးလုံးခန့်ရှိ မိုးသီးများ ရွာကျခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိသော်လည်း နေအိမ် အမိုးမျာ ပျက်စီးကုန်သောကြောင့် သွပ်များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

မိုးရွာသွန်းချိန် မိနစ်(၂၀)ခန့်ရှိပြီး မိုးသီးကျချိန်မှာ (၁၅)မိနစ်ခန့် ကြာမြင့်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆို ကွင်းပြင်ထဲရောက်နေလို့ အနီးဆုံး အမိုးအောက်ကို ပြေးဝင်ရတယ်။ မိုးသီးမှန်လို့ လူတွေ ထိခိုက်ဒါဏ်ရာရတာတော့ မကြားမိပါဘူး။ ဈေးဆိုင်တွေ၊ အိမ်တွေတော့ သွပ်မိုးတွေ ပေါက်ပြဲကုန်လို့ အခု တမူးမှာ သွပ်ဈေးတွေ ကောင်းနေတယ်”ဟု တမူးမြို့မှ ကိုယဉ်ကိုဦး ကပြောသည်။

တမူးမြို့နှင့်အနီးတ၀ိုက်တွင် မတ်လ(၂၀)ရက်နေ့၊ နံနက်(၃)နာရီခွဲခန့်ကလည်း သစ်ပင် သစ်ကိုင်းများ ကျိုးပြတ်ကျသည်အထိ လေပြင်းတိုက်ခတ်ခဲ့ကြောင်းသိရသည်။

မင်းမခ(ကလေးမြို့)
The Myanma Age