ဘောလုံးသတင်းအတိုအစများ-၂

ပို့စ်တင်ချိန် - 3/20/2014 06:30:00 AM


ဘိုင်ယန်မြူးနစ်မှာ တောင်ပံကစား သမားအာဂျန်ရော်ဘင်ကို နှစ်နှစ် သက်တမ်း တိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းကြောင့် ဂျူဗင်တပ်အသင်း ယူရို ၂၅သန်းခန့် နစ်နာခဲ့ရသည်ဟု အထွေထွေမန်နေဂျာ မာရော့တာက ၀န်ခံခဲ့သည်။

ဟူးလ်စီးတီး ကွင်းလယ်လူ မေလာကို
ခေါင်းဖြင့်တိုက်ခဲ့သည့် နယူးကာဆယ် နည်းပြ ပါဂျူးကို (၇)ပွဲပယ် ပြစ်ဒဏ် ချမှတ်ရာတွင် ကွင်းအတွင်း ၀င်ရောက်ခွင့် (၅)ပွဲ ပိတ်ပင်ရန် အက်ဖ်အေက တောင်းဆိုခဲ့သော်လည်း ပါဂျူးက အဆိုပါအဖြစ်အပျက်အပေါ် ပြန်လည်တောင်းပန်ခဲ့ခြင်းကြောင့် ကွင်းအတွင်း ၀င်ရောက်ခွင့် (၃)ပွဲပယ် ပြစ်ဒဏ်သာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်မှာ လာမည့်အပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကစားသမား (၂)ဦး ထပ်မံခေါ်ယူသွားရန် စီစဉ်နေသည်။

ဂါလာတာစာရေးနှင့်ပွဲစဉ်မှာ ချဲလ်ဆီး ဂိုးသမား ပီတာချက်အတွက် ပွဲ(၁၀၀)ပြည့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။

အသင်းကြီးများတွင် ကစားနေသည့် ကစားသမားများကိုသာ အင်္ဂလန် လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းကို ဆန်းဒါးလန်း တောင်ပံကစားသမား အဒမ်ဂျွန်ဆင်က ဝေဖန်ခဲ့သည်။

ရီးရဲလ် လူငယ်တိုက်စစ်မှူး ဂျီဆီရိုဒရီဂွက်ဇ်မှာ ရှော်လ်ကေးနှင့်ပွဲတွင် ရခဲ့သည့် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်သည်။

ဂျူဗင်တပ်နောက်ခံလူ ဘာဇာဂလီမှာ ခြေသလုံးကြွက်သား ဒဏ်ရာပြဿနာကြောင့် တစ်လကြာ အနားယူရမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။

@z (ရိုးရာလေး)
YoYarLay