ထိုင်းရွေးကောက်ပွဲ တရားမဝင်ကြောင်း တရားရုံးဆုံးဖြတ်

ပို့စ်တင်ချိန် - 3/22/2014 08:57:00 AM


ထိုင်းရွေးကောက်ပွဲ (ဖေဖော်ဝါရီ ၂၊ ၂၀၁၄)

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေဟာ
နိုင်ငံတဝန်း တနေ့ထဲမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမဟုတ်တဲ့အတွက်
ဖွဲ့စည်းပုံ ဥပဒေနဲ့ ဆန့်ကျင်နေတာမို့ တရားမဝင်ဘူးလို့ နိုင်ငံရဲ့
ဖွဲ့စည်းပုံ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ဆုံးဖြတ်ချက်ကြောင့် ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ သူ့ရဲ့ အိမ်စောင့်အစိုးရရဲ့ အစိုးရသစ်ဖွဲ့နိုင်ဖို့ အားထုတ်မှုတွေ ထပ်ပြီး နှောင့်နှေးသွားစေခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ အစိုးရ ဆန့်ကျင်သူတွေရဲ့ တားဆီး နှောင့်ယှက်မှုတွေကြောင့် တချို့ဒေသတွေမှာ
မဲပေးပွဲပျက်ခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်ထဲမှာ လွှတ်တော်စည်းဝေးပွဲကျင်းပနိုင်ဖို့နဲ့ ဝန်ကြီးချုပ် ကို ရွေးချယ်နိုင်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၉၅ ရာခိုင်နှုန်း မပြည့်မှီခဲ့ပါဘူး၊ ရွှေးကောက်ပွဲသစ် ဘယ်တော့ထပ်
ကျင်းပမယ်ဆိုတာကိုတော အခုချိန်ထိ အစိုးရက ဘာမှမပြောသေးပါဘူး။

VOA