အဝေးပြေး လမ်းမကြီးပေါ်တွင် တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း

ပို့စ်တင်ချိန် - 3/22/2014 12:05:00 PM



ကမ္ဘာ့နိုင်ငံ အတော်များများမှာ တွေ့ရတာကတော့ လေယာဉ်ကွင်းကို သီးသန့် တည်ဆောက် ထားလေ့ ရှိပါတယ်။ အဲလိုမျိုး တည်ဆောက် ထားခြင်းဟာ အဓိက အားဖြင့်တော့ မြေနေရာ ကုန်ကျပါတယ်။ မြေနေရာ အခက်အခဲမရှိတဲ့ နိုင်ငံတွေ အတွက် ပြဿနာ မရှိပေမယ့် လူဦးရေ အရမ်းထူတပ်ပြီး မြေနေရာ အခက်အခဲ ရှိတဲ့ နိုင်ငံတွေမှာ အခက်အခဲ ရှိနိုင်ပါတယ်။
ယခုပုံမှာ တွေ့ရသော လေယာဉ်ကွင်းကတော့ ဗြိတိန်နိုင်ငံမှာ ဖြစ်ပါတယ်။ လေယာဉ်ကွင်းကို သီးသန့်တည်ဆောက် ထားတာ မဟုတ်ပါဘူး။ အဝေးပြေး ကားလမ်းမကြီး ပေါ်မှာပဲ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ လေယာဉ်နှင့် ကားတွေအကြား မီးပွိုင့်ဖြင့် တားဆီး ထားခြင်း ဖြစ်ပါတယ်။ လေယာဉ်ဖြတ်ချိန်မှာလည်း မီပွိုင့်မှာ ကားတွေ အကြားကြီး ရပ်နေစရာမလိုပါဘူး။ အချိန်ခဏ တာပဲ မီးပွိုင့်က တားဆီးပေး ထားခြင်း ဖြစ်ပါတယ်။
တစ်နေ့တည်း မဟုတ်ပါဘူး နေ့တိုင်း အခုလိုမျိုး လေယာဉ်အတက် အဆင်း ရှိပါတယ်။ အခုလိုမျိုး ပြုလုပ်ထားတာဟာ ကမ္ဘာ့ပထမဆုံး ဆိုလည်း မမှားပါဘူး။ ဒီလိုမျိုး တီထွင်မှုဟာ မြေနေရာ အကုန်အကျ သက်သာတဲ့ အပြင် နိုင်ငံကိုလည်း ဂုဏ်တက်စေနိုင် ပါတယ်။
ကျော်လင်းနိုင် (www.smart.com.mm)

Smart Pro Journal