ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ စုဖောင်ဒေးရှင်း ဖွင့်လှစ်

ပို့စ်တင်ချိန် - 3/09/2014 07:05:00 PM



အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးစီးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာညီလာခံအကြို “စု”ဖောင်ဒေးရှင်း စတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆရာစံ ပလာဇာရှိ သမ၀ါယစီးပွားရေး ဗဟိုခန်းမမှာ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို “စု”ဖောင်ဒေးရှင်းက ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် မီရှဲလ်ယိုလည်း တက်ရောက်ကာ စကားပြောခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်နဲ့ လော်ရာဘုရှ်တို့ကလည်း ဗွီဒီယို သ၀ဏ်လွှာများ ပေးပို့ခဲ့ပါတယ်။

“စု”ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်က တည်ထောင်ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်သွားမှာပါ။

အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် East-West Center က ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ မီဒီယာ ညီလာခံကို မတ် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ UMFCCI ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာက မီဒီယာသမားများ တက်ရောက် ဆွေးနွေးကြမှာပါ။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းမှာ အပုတ်ချ ရေးသားတာတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို ပြောဆိုသွားပါတယ်။

DVB