တောမီးမှတစ်ဆင့်လူနေတဲအိမ်များသို့ကူးစက်လောင်ကျွမ်း

ပို့စ်တင်ချိန် - 3/22/2014 09:06:00 PM


နေပြည်တော်၊ မတ် ၂၂
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ၀က်သေကျေးရွာမြောက်ဘက်ထောင့်ရှိ လျှိုအတွင်းမှတောမီးစတင်လောင်ကျွမ်းခဲ့ရာ ၀က်သေ ကျေးရွာရှိ For Luck ကုမ္ပဏီပိုင် (၅x၂)သက္ကယ်မိုး/ထရံကာ ပစ္စည်းစတိုတဲ ၂ လုံး၊ (၆x၂)သက္ကယ်မိုး/ထရံကာတဲ ၁ လုံး၊ (၅x၂)သက္ကယ်မိုး/ထရံကာ အလုပ်သမားတန်းလျားတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အနီးရှိ ဦးတင်ရ၊ ဦးထွန်းမင်းလတ်၊ ဦးထွန်း၊ ဦးသန်းဝင်းဌေးတို့၏ (၂)ခန်းပတ်လည်ရှိ သက္ကယ်မိုး/ထရံကာနေအိမ်တဲ ၄ လုံး၊ (၂)ခန်းပတ်လည် ဗြုံးကြိတ်စက် တဲ ၁ လုံး၊ (၃x၂)သက္ကယ်မိုး/ထရံကာဗြုံးကြိတ်စက်တဲ ၁ လုံး၊ စုစုပေါင်းတဲ ၉ လုံးတို့အား ထပ်မံကူးစက် လောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုအား သပိတ်ကျင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ၀က်သေကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ ရေထွက်ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကွင်း(၂၉/၃၀)ကျေးရွာများမှ ကျေးရွာသူ/ သားများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲအချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ် (၅၀၀၀၀၀ိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့်လူဦးရေ ကျား ၁၂ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၂၂ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သဖြင့် ၀က်သေကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်