ယာဉ်မောင်းနှင်နေစဉ် ရေသောက်ရန်ရေဗူးယူရာက ယာဉ်တိမ်းမှောက်မှုဖြစ်

ပို့စ်တင်ချိန် - 3/22/2014 07:07:00 PM


၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၁/၁-၂)ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ တောင်ငူမှရန်ကုန်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ ထွန်းထွန်းလွင်(၄၄)နှစ်သည် ၂ဃ/xxxx ပါဂျဲရိုးအဖြူရောင်ယာဉ်အားမောင်းနှင်လာစဉ် ရေသောက်ရန်ရေဗူးယူရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ဘေးတွင်ကာရံထားသောတန်းအားတိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။ ထိုသို့တိမ်းမှောက် မှုကြောင့် ထွန်းထွန်းလွင်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မသက်စုလွင်(၁၂)နှစ်တွင် ၀ဲလက်မောင်း/ယာခြေဖနောင့်နာကျင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံသို့တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့ခေါင်းပိုင်း/ဘော်ဒီပိန်ချိုင့်၊ ၀ဲ/ယာတံခါး မှန်များကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ထွန်းထွန်းလွင်အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။