ပျောက်ဆုံးသွားသော မလေးရှား လေယာဉ်ကို တစ်ကမ္ဘာလုံး အင်အားသုံး ရှာဖွေ

ပို့စ်တင်ချိန် - 3/10/2014 01:16:00 PM


မတ်လ ၈ ရက်နေ့က ပျောက်ဆုံး သွားတဲ့ မလေးရှား အဲလိုင်းမှ MH370 အမည်ရတဲ့ ခရီးသွား လေယာဉ်ကို တစ်ကမ္ဘာလုံး အင်အားသုံး ရှာဖွေ နေ ပါပြီ။

ဖိလစ်ပိုင်၊ ဗီယက်နန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများမှ လေတပ်၊ ရေတပ်များက အင်အားသုံးပြီး တော့ ရှာဖွေ နေပြီ ဖြစ်ပါတယ်။ အခြားသော နိုင်ငံကြီး များလည်း ဆက်လက် ပါဝင်ဖို့ ရှိပါတယ်။

မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ် ပြည် ပေကျင်း ကို ပြန်သန်းတဲ့ လေယာဉ် ဖြစ်ပါတယ်။ ထိုင်း ပင်လယ် ကွေ့ကို ဖြတ်သန်း ပျံသန်းစဉ် ပျောက်ဆုံး သွားခြင်း ဖြစ်ပါတယ်။ ယနေ့အထိ ရှာဖွေ မတွေ့သေး ပါဘူး။ ဒါကြောင့် တောင်တရုတ်ပင်လယ် အတွင်းမှာ ပျောက်ဆုံးတယ်လို့ မှတ်ချက် ပြုကြပြီး တောင်တရုတ် ပင်လယ် မှာ ရှာဖွေနေခြင်း ဖြစ်ပါတယ်။

ခရီးသည်ပေါင်း ၂၂၇ ဦး ပါဝင်ပြီး လေယာဉ်ဝန်ထမ်း ၁၂ ယောက် ထပ်ပါဝင် ပါသေးတယ်။ တရုတ် နိုင်ငံသား ၁၅၃ ဦး ပါဝင်ပြီး သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနိးရှား၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှား၊ ထိုင်ဝမ်၊ ယူကရိန်း၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများ မှ နိုင်ငံသား ခရီး သည်နဲ့ ဝန်ထမ်းများ ပါဝင်ကြောင်း သိရ ပါတယ်။
.
Ref:cnn
International news for Myanmar

===============================================

ပျောက်ဆုံးနေသော လေယာဉ်ကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေ

ဆင်ဟွာ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ဦးတည်ပျံသန်းခဲ့သည့် မလေးရှားလေကြောင်းပိုင် လေယာဉ်တစ်စင်း စနေနေ့ က လေကြောင်းထိန်းသိမ်းရေးဌာနနှင့် နာရီ ၂၀ နီးပါး အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး နောက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်း အရှိန်တိုးမြှင့်လုပ်ဆောင်နေသည် ဟု မတ်လ ၉ ရက်က ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်ပိုင်း ဖူးကွက်ကျွန်းအနီးတွင် မသင်္ကာဖွယ်ရာ ရေနံယိုဖိတ်မှုနှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် ကျွန်းအနီးရှိ ပင်လယ်ပြင်သို့ ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်ရှိလာရန် မျှော်လင့်ခဲ့ကြောင်း ဗီယက်နမ်သယ်ယူပို့ ဆောင်ရေး ဒု-၀န်ကြီး ဖမ်ကွေတေက ဆိုသည်။

တိုချူကျွန်းနှင့် ကီလိုမီတာ ၁၅၀ အကွာတွင် တစ်နေရာ၊ စာမောင် အငူနှင့် ကီလိုမီတာ ၁၉၀ အကွာတွင် တစ်နေရာ ရေနံယိုဖိတ်မှုများကို ကမ္ဘာ့စံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ သို့မဟုတ် ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ်၂၀ တွင် တွေ့ရှိခဲ့ရကြောင်း ၎င်းကဆိုသည်။

မလေးရှားလေကြောင်းလိုင်း၏ ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါခဲ့သော လေ ယာဉ်သည် မတ် လ ၈ ရက်က ကွာလာလမ်ပူမှ ပေကျင်းသို့ အသွားတွင် ပျောက်ဆုံးနေခြင်းဖြစ်သည်။

ရေနံယိုဖိတ်မှုများမှာ မသင်္ကာဖွယ်ရာ ဖြစ်ကြောင်း၊ သို့သော် ကယ်ဆယ်ရေးလေယာဉ်များမှာ မှောင်နေ သဖြင့် ရေပြင် နှင့် နီးကပ်အောင် မဆင်းသက်နိုင်ခဲ့ဘဲ ကယ်ဆယ်ရေး သင်္ဘောများကိုသာ စေလွှတ်ခဲ့ရ ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပျက်ကျသည့် လေယာဉ် အပိုင်းအစများကိုတော့ ယခုချိန်ထိ ရှာဖွေမတွေ့သေးပေ။ ကနဦး ကြိုးပမ်းအား ထုတ်မှုများ အောင်မြင်ခဲ့ပါက ရှာဖွေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဖြစ် ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံမှ လေယာဉ် ၁၅ စင်းနှင့် သင်္ဘောကိုးစင်းကို စေလွှတ်ထားပြီးဖြစ်ကြောင်းနှင့် အမေရိကန် ရေတပ်ကလည်း လေယာဉ်များကို ထပ်မံစေလွှတ်ထားကြောင်း ၎င်းကဆိုသည်။ စင်ကာပူ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများကလည်း လေယာဉ်များစေလွှတ်ခဲ့ကြသည်။

ပျောက်နေသော MH370 လေယာဉ်ကို ရှာဖွေရေးအစီအစဉ်အား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးအကြိမ် အဆက်အသွယ်ရရှိခဲ့သည့်အချိန် နောက်ပိုင်းလေယာဉ်ရောက်ရှိခဲ့သည့်နေရာကို အာရုံ စူးစိုက် ပစ်မှတ်ထားရှာဖွေနေကြောင်း၊ သဲလွန်စတစ်စုံတစ်ခုကို တွေ့ရှိ နိုင်ရန် ကြိုးစားနေကြောင်း နာဂျစ် က စနေနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Mizzima Burmese