မြန်မာအမျိုးသား ရေဥပဒေ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 3/26/2014 04:26:00 PM


မြန်မာနိုင်ငံရှိ ရေအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် မြန်မာအမျိုးသား
ရေဥပဒေ ပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်
ကော်မတီ၏ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက မတ်လ ၁၉ရက်နေ့က ပြောသည်။

ရေနှင့်ပတ်သက်သည့် ဌာနအသီးသီးကွဲပြားနေသော ဆောင်ရွက်မှုများကို တစ်သဘောတည်း
စုပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားရေအရင်းအမြစ် ကော်မတီကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင်
စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ယခုနှစ် မတ်လ ၁၀ရက်နေ့တွင်
တစ်ကြိမ် အစည်းအဝေးကျင်းပခဲ့ပြီး မြန်မာအမျိုးသား ရေမူဝါဒကို ချမှတ်နိုင်ခဲ့ကြောင်း
၎င်းကပြောသည်။

" ပညာရှင် အဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ မြန်မာအမျိုးသားရေမူဝါဒကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာ
သာနဲ့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီမူဝါဒဟာလည်း အချိန်ပြောင်းလာတာနဲ့အမျှထပ်ပြီး ပြင်ဆင်
ဖြည့်စွက်ရမယ့် ကိစ္စတွေပေါ်ပေါက်လာမှာပါ။ ကျွန်တော်တို့နောက်ထပ် ရည်မှန်းချက်ကတော့
National Water Law ဆိုတဲ့ အားလုံးပူးပေါင်းပါဝင်ဆုံးဖြတ်နိုင်မယ့် ဥပဒေတစ်ခုကိုဆက်လက်
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်း၊ ဌာနအဖွဲ့အစည်း
တစ်ခုတည်းလုပ်လို့မရပါဘူး။ နိုင်ငံသားအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံးပါဝင်ရမယ့် ကိစ္စဖြစ်
ပါတယ်" ဟု၎င်းက ရန်ကုန်မြို့၊ အင်ဂျင်နီယာအသင်းတွင်ကျင်းပသော ကမ္ဘာ့ရေနေ့ အခမ်းအနား
တွင်ပြောသည်။

ကမ္ဘာ့ရေနေ့အခမ်းအနားကို ကမ္ဘာတစ်ဝှမ်းတွင် ၁၉၉၃ခုနှစ်မှစတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင်
ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Myanmar Times