အစိုးရက သူလုပ်နေတဲ့လုပ်ငန်းတွေ အောင်မြင်နေပါတယ်လို့ ဘယ်လောက် ပြောပြော နိုင်ငံသားတွေဘက်က ကြည့်ရင် ကျေနပ်စရာ မရှိသေးဘူး (မေးမြန်းချက်)

ပို့စ်တင်ချိန် - 3/29/2014 05:32:00 PM

ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဥက္ကဋ္ဌ ဦးသုဝေ

အစိုးရက သူလုပ်နေတဲ့လုပ်ငန်းတွေ အောင်မြင်နေပါတယ်လို့ ဘယ်လောက် ပြောပြော နိုင်ငံသားတွေဘက်ကကြည့်ရင် ကျေနပ်စရာ မရှိသေးဘူလို့ ဆွေးနွေးပြောကြားခဲ့တဲ့အကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆၅ ခုစလုံးက ခေါင်းဆောင်တွေ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ဒီတွေ့ဆုံမှုဟာ သမ္မတသက်တမ်း ၃ နှစ်ပြည့်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဦးသုဝေကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက သမ္မတ၊ လွှတ်တော်နာယက၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တို့ ပါဝင်တဲ့ ၅ ပွင့်ဆိုင်ဆွေးနွေးကြဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။
အသံဖိုင် အပြည့်အစုံ နားဆင်ရန်

DVB Burmese