ကျောင်းကုန်းမြို့နယ်၊ ယင်းတိုက်ငူကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 3/26/2014 12:10:00 PM



ကျောင်းကုန်း မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်၊ ရေတာကြီးကျေးရွာအုပ်စု၊ ယင်းတိုက်ငူကျေးရွာ၌ ကွင်းအမှတ် GP-၁၉၃၈၃၆ မသန်းသန်းမော် (အဘ) ဦးကျင်သိန်းနေအိမ်မှ စတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ သွပ်မိုးပျဉ်ထောင် အိမ် (၂) လုံး၊ ၀ါးတိုင်သွပ်မိုးအိမ် (၂) လုံး၊ ၀ါးတိုင်ဓနိမိုး (၉) လုံး၊နွားတင်းကုပ် (၁) လုံး၊ စပါးကျီး (၁) လုံးနှင့် လက်တွန်း ထွန်စက် (၁) စီးတို့ကို မတ်လ (၂၅) ရက်နေ့ မွန်လွဲ (၁၃း၁၅) နာရီအချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး (၁၄း၃၀) နာရီအချိန် တွင် မီးညွန့်ကျိုးသွားခဲ့သည်။
မီးလောင်မှုကြောင့် အိမ်ခြေ (၁၃) စုမှ လူဦးရေကျား (၂၁) ဦး၊ မ (၃၉) ဦး ၊ ပေါင်း(၆၀) ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွား ခဲ့သည်။ မီးလောင်ရာသို့ ကျောင်းကုန်း မီးသတ်ကား (၂) စီး၊ ကန်ကြီးထောင့်မှ မီးသတ်ကား (၁) စီး၊ မီးသတ် အင်အား (၇၀) ဦးနှင့် တိုင်းမီးသတ်ဦးစီးဌာန ဦးတင်ဝင်းနှင့်အဖွဲ့ သွားရောက်စစ်ဆေးလျှက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အမှုဖွင့် အရေးယူ စီစဉ်ဆောင်ရွက်လျှက်ရှိပါကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုးမှာ (၁၆၄) သိန်း ဖြစ်ကြောင်း သိရှိရသည်။အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရင်ဆိုင်ကျေးရွာ အုပ်စုအပိုင် စားကျက်တော၌ ညနေ(၄) နာရီမှ စတင်၍ တောမီးလောင်ကျွမ်းခဲ့ရာ ညနေ (၅) နာရီခန့်အထိ လောင်ကျွမ်း
လျက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar