DDoS တိုက်ခိုက်မှုများကို ရှောင်လွဲသွားနိုင်မည့် ပရိုဂရမ်သစ်

ပို့စ်တင်ချိန် - 3/26/2014 01:11:00 PM


မိုဘိုင်းဖုန်းပေါ်တွင် လူမှုကွန်ယက်များနှင့် ၀က်ဆိုက်ဒ်များမှ တစ်ဆင့် တိုက်ခိုက် ၀င်ရောက်လာနိုင်သော DDoS တိုက်ခိုက်မှုများကို ၄င်း ၏ ပရိုဂရမ်က ရှောင်လွဲစေနိုင်ကြောင်း HootSuite ပရိုဂရမ် ၏ စီအီးအို ဖြစ်သူက ပြောကြားလိုက်သည်။
Mashable တွင် ဖော်ပြထားသော သတင်းအရ အာရှ စံတော်ချိန် ၉း၄၅ တွင် DDoS တိုက်ခိုက်မှုများ ၀င်ရောက်လာခဲ့ပြီး HootSuite သည် သံသယဖြစ်ဖွယ်ရာ အချက်အလက်များအားလုံးကို bounce ပြန်လည် ပြုလုပ်နိုင်ခဲ့ပြီး မိုဘိုင်းဖုန်း ပေါ်သို့ ၀င်ရောက်လာမှုမှန်သမျှကို မျက်စိလည်စေခဲ့သည် ဟု HootSuite အမှုဆောင်အရာရှိချုပ် ရိုင်ယန်ဟုမ်းစ် က ပြောကြားခဲ့သည်။
Dos နှင့် DDoS တိုက်ခိုက်မှုများသည် နက်ဝပ်လမ်းကြောင်း ကို နှေးကွေးသွားစေပြီး Traffic ကို ပိတ်ဆို့ကာ အလုပ်လုပ်စေနေသာ နက်ဝပ် တွင် မည်သည့် အရာကိုမျှ ခေါ်ဆို၍ မရနိုင်တော့သည်အထိ ပြင်းထန်ကြောင်း သိရသသည်။ ဆိုးရွားလှသည့် အဆိုပါ တိုက်ခိုက်မှုများကို HootSuite Team ၏ နည်းပညာအင်ဂျင်နီယာများ နှင့် ကျွမ်းကျင်ပညာရှင်များက ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ ပရိုဂရမ် ကို HTC ဟန်းဆက်များပေါ်တွင် စမ်းသပ်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ HootSuite သည် Android ၊ iOS များအတွက် ထုတ်လုပ်ထားခဲ့သော Plugins ပုံစံ တမျိုး ဖြစ်ကြောင်းလည်း သိရသည်။
-
ဇေယျာစံ