Drake နဲ့ Rihanna တို့နှစ်ယောက် သီးသန့်ချိန်းတွေ့နေ

ပို့စ်တင်ချိန် - 3/17/2014 07:23:00 PM


Drake နဲ့ Rihanna တို့နှစ်ယောက်ဟာ တခါတလေ ချိန်းချိန်းတွေ့နေကြတာ ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ပါရီမှာ နှစ်ယောက်သား တွဲတွေ့ခဲ့ကတည်းက တွဲနေကြတယ်ဆိုတဲ့ ကောလာဟလ ကထွက်ခဲ့ကြပြီးသားပါ။

ခုလည်း Drizzy (Drake) နဲ့ RiRi (Rihanna) တို့နှစ်ယောက်သား သီးသန့်ချိန်းတွေ့နေကြတယ်လို့ သတင်းရရှိပါတယ်။

TMZ သတင်းဆိုဒ်အရ သူတို့စုံတွဲဟာ တရားဝင်ဖြစ်အောင် ကြုံရင်ကြုံသလို တွေ့နေကြတယ်လို့ အမည်မဖော်လိုသူက ပြောတာ သိရပါတယ်။

ဥရောပကို Young Money စူပါစတား Drake  သွားတုန်း Rihannaဟာ Drakeနဲ့ ညတိုင်း အချိန်ကုန်တယ်လို့လည်း သတင်းရရှိပါတယ်။

Drake ကလည်း Rihanna ကို အရူးအမူးဖြစ်နေပုံရပါတယ်။

TMZ ကလာတဲ့ သတင်းတွေဟာ မှတ်တမ်းဟောင်းတွေ လှန်ပြီး fake တ၀က်နဲ့ရေးထားတာဆိုတော့ မှန်မယ်၊ မမှန်ဘူးဆိုတာ စိတ်ထဲမှာပဲ ထားရမှာပေါ့။

Ref:theboombox.com
Trend Myanmar