facebook Page ဖွင့်နည်း

ပို့စ်တင်ချိန် - 3/05/2014 11:53:00 AM


သူများကို ပိုက်ဆံပေးပြီး ဖွင့်ခိုင်းတာက ငွေလည်းကုန်တယ် ကိုယ်လည်း မတတ်ဘူး။ ဘာမှ အခက်ပါဘူး။ ဖေ့ဖွတ်ကိုတော့ သုံးတတ်ဖို့ လိုအပ်ပါတယ်။ facebook Page ဖွင့်နည်းကို မျှဝေပေးလိုက် ရပါတယ်။

(၁) မိမိ facebook မှ အပေါ်ဘက် မြှားသွားပုံ စက်တင်လေးမှာ တစ်ချက်နှိပ်ပါ။

(၂) အဲဒီမှာ Create Page ကို နှိပ်လိုက်ပါ။

(၃) ကဏ္ဍတွေကို တွေ့ပါလိမ့်မာ်။ Local Business or Place ၊ Company, Organization or Institution ၊ Brand or Product ၊ Artist, Band or Public Figure ၊ Entertainment ၊ Cause or Community ဆိုပြီး ရှိပါတယ်။ တစ်ခုရွေးပါ။

(၄) ကဏ္ဍတစ်ခုရွေးပြီးတာနဲ့ Company Name ကိုထည့်ပါ။ Choose a category ကိုရွေးပါ။

(၅) I agree to Facebook Pages Terms မှာ အမှန်ခြစ် ထည့်လိုက်ပါ။ ထို့နောက် Get Started မှာ နှိပ်လိုက်ပါ။

(၆) Add a description with basic info မှာ မိမိထည့်မယ့် စာတိုလေးကို ထည့်ပါ။ အဲဒီစာက profile ပုံအောက်မှာ ပေါ်မှာပါ။

(၇) yes (or) No ကို Yes လုပ်ပါ။ နှစ်ခုစလုံး လုပ်ပါ။ save info နှိပ်လိုက်ပါ။

(၈) Upload From Computer မှ ပရိုဖိုင်ပုံ ထည့်ပါ။ နောက်မှ ထည့်လည်း ရပါတယ်။ ပုံထည့်ပြီးတာနဲ့ Next ကိုနှိပ်ပါ။

(၉) Next ထပ်နှိပ်ပါ။ skin တွေ့တိုင်း နှိပ်လိုက်ပါ။ ကဲ Page တစ်ခု ဖြစ်သွားပါပြီ။ အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။

အားလုံးကို ကျေးဇူးတင်စွာဖြင့်
Smart Pro Journal