ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ လွတ်လပ်စွာ အိမ်ထောင်ဖက်ရွေးချယ်ခွင့်ကို ပိတ်ပင်မည့်ဥပဒေသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌငြင်းပယ်ရန် HRW တိုက်တွန်း

ပို့စ်တင်ချိန် - 3/31/2014 09:25:00 PM



ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ ၏ လွတ်လပ်စွာ အိမ်ထောင်ဖက်ရွေး ချယ်ခွင့်ကို ကန့်သတ်သော လက်ထပ်ထိမ်းမြားခြင်း ဥပဒေပြုရေးဆိုင်ရာ အဆိုပြုချက်ကို သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့က ငြင်းဆိုသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Right Watch) က ဆိုသည်။

''မဘသ'' (အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့) ဆရာတော်ကြီးများက အဆိုပြု သော ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ အတွက် လက်ထပ်ထိမ်းမြားခွင့် ဥပဒေဆိုင်ရာအရေးပေါ် ကန့်သတ် ထိန်းချုပ်ရေးကို အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်တို့က လက်ခံ စဉ်းစားနေခြင်းသည် အလွန်ပင်

တုန်လှုပ်ဖွယ်အနေအထားဟု HRW ၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး ဘရက်ဒ်အဒမ်က ပြောသည်။

''ဒီဥပဒေဟာ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာအိမ်ထောင်ဖက် ရွေးချယ်ခွင့်ကို ထိခိုက်လာပါလိမ့်မယ်။ ပြီးတော့ အမျိုးသမီးထုရဲ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို အဓိက ထိပါးလာမယ့် အရာပါ''ဟု ၎င်းက ပြောသည်။

အဆိုပြုထားသော ဥပဒေကြမ်းအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးသည် ဗုဒ္ဓဘာ သာဝင်အမျိုးသားနှင့်သာ လက်ထပ် ရမည်။ ဘာသာခြားအမျိုးသားများ အနေဖြင့် လက်မထပ်မီ ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် လိုအပ်ပြီး ပျက် ကွက်ပါက ထောင်ဒဏ် ၁ဝ နှစ်နှင့် ပိုင် ဆိုင်သည့် ပစ္စည်းဥစ္စာအားလုံး သိမ်း ဆည်းခံရမည်ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ ဥပဒေကြမ်းပါ အချက်အ လက်များမှာ လူ့အခွင့်အရေးနှင့် သဟဇာတမျှတစွာနေထိုင်ရေးတို့ အပေါ်ဆိုးကျိုးကြီးစွာ သက်ရောက် လာနိုင်ပြီး မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း HRW က ဆိုသည်။

''လူမျိုးစုအရရော ယဉ်ကျေးမှုအရ ပါ ကွဲပြားခြားနားမှုတွေ စုနေ တဲ့ မြန်မာ နိုင်ငံမှာ အစိုးရခေါင်းဆောင်တွေက ဘာသာရေးအရ ကွဲပြား မှုအပေါ် အခြေခံပြီး လက်ထပ်ထိမ်းမြားမှုကို ထိန်းချုပ်ဖို့ လုပ်ရတယ်။ ဒါဟာ မီးနဲ့ ကစားနေရသလိုပဲ အန္တရာယ်အလွန်များ ပါတယ်'' ဟု အ ဒမ်က ပြောသည်။ ယခုလုပ်ရပ် ရပ်တန့်ရန်အတွက်

နိုင်ငံတကာမှ အလှူရှင်များနှင့် ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်များသည်လည်း တာဝန်ရှိကြောင်း ၎င်းက သုံးသပ်သည်။ ''မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တိုးတက်မှုကို ဂရုပြုတဲ့ နိုင်ငံတကာအလှူရှင်တွေနဲ့ ဖွံ့ဖြိုးတိုး တက်ရေး မိတ်ဖက်တွေကလည်း အစိုးရက ဒီလို ထိတ်လန့်တုန်လှုပ်ဖွယ် ဥပဒေပြဋ္ဌာန်းရေး ကြိုးစားနေတာကို ရပ်တန့် ဖို့ တောင်းဆိုသင့်ပါတယ်''ဟု ၎င်းက ပြောသည်။

KYL

Popular Myanmar News Journal