ချစ်သူကပြောလို့ James Bond သရုပ်ဆောင်နေရာကိုငြင်းပယ်ခဲ့တဲ့ Liam Nesson

ပို့စ်တင်ချိန် - 3/10/2014 01:16:00 PM


ဟောလိဝုဒ်မင်းသားကြီး Liam Nesson ဟာ သူ့ချစ်သူနဲ့လက်ထပ်ချင်ခဲ့တဲ့အတွက် James Bond အဖြစ်သရုပ်ဆောင်ဖို့ငြင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။

၆၁ နှစ်အရွယ် Liam ဟာ အထင်ကရ 007 ဇာတ်ကောင်ကို လွန်ခဲ့တဲ့ ၁၉ နှစ်ကအလွန်အမင်း နှစ်သက် နေခဲ့တာဖြစ်ပေမယ့် အဲဒီ့အချိန်က Liam ရဲ့ချစ်သူက ဒီ spy ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရင် Liam နဲ့လက်ထပ်မှာမဟုတ်ဘူးလို့ပြောခဲ့တဲ့အတွက် ငြင်းပယ်ခဲ့ရတာဖြစ်ကြောင်းပြောပါတယ်။

“(James Bond ဇာတ်ကောင်ကို) ကျွန်တော်အလွန်အမင်းစွဲလမ်းနှစ်သက်နေခဲ့တယ် လို့ပဲဆိုပါစို့။ ပြီးတော့အခြားသရုပ်ဆောင်တွေလဲဒီလိုပဲဆိုတာသေချာပါတယ်” လို့ Hull Daily Mail သတင်းစာကိုပြောပါတယ်။

“ပြီးခဲ့တဲ့ ၁၈နှစ် ၁၉ နှစ်လောက်တုန်းက ကျွန်တော့်ဇနီးလောင်းကပြောတယ်။ “ရှင် James Bond အဖြစ်သရုပ်ဆောင်ရင် ကျွန်မတို့လက်ထပ်မှာမဟုတ်ဘူး”လို့ပြောတယ်။ ဒီတော့ကျွန်တော်ဒီကိစ္စကိုထည့်စဉ်းစားရတော့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သူမကိုလက်ထပ်ချင်လို့ပါ” လို့ Liam ကပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ၁၉၉၄ ခုနှစ်မှာအကြင်လင်မယားတွေဖြစ်ခဲ့ကြပြီး သားတွေဖြစ်ကြတဲ့ Michael ၁၈ နှစ် နဲ့ Daniel ၁၇ နှစ်တို့ထွန်းကားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လမှာတော့ အဲဒီ့ ဇနီးဖြစ်သူ Natasha ဟာ Canada နိုင်ငံ Montreal မှာ နှင်းလျောစီးရာကဖြစ်တဲ့မတော်တဆမှုကြောင့် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ Liam ဟာ ၂၀၁၀ ခုနှစ်ကတည်းကတွဲခဲ့တဲ့ ပြည်သူ့ဆက်ဆံရေးစီမံခန့်ခွဲသူတစ်ယောက်ဖြစ်တဲ့ Freya St. Johnston နဲ့ကွဲလိုက်ပြန်ဆက်လိုက်ဖြစ်နေပါတယ်။

Ref:starpulse.com
Trend Myanmar