ဂေါက်ဝါသနာရှင်တွေအတွက် ညဘက်ပါ ဂေါက်ရိုက်နိုင်အောင် LED ဂေါက်သီးတီထွင်

ပို့စ်တင်ချိန် - 3/30/2014 06:01:00 PM


ဂေါက်သီး ရိုက် ၀ါသနာရှင် တွေအတွက် သတင်းကောင်း တစ်ပုဒ် ရှိပါတယ်။ အဲဒါက တော့ ဂေါက်သီး ရိုက် ကစားနည်း ကို အချိန် မရွေး ပြုလုပ် နိုင်ပြီ ဆိုခြင်းပဲ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပ ဏီ တစ်ခုဟာ LED ဂေါက်သီးကို တီထွင် မိတ် ဆက် ခဲ့တာကြောင့် ဂေါက်သီး ရိုက် ၀ါသနာ ရှင် အနေ နဲ့ ည ဘက် မှာပါ ဂေါက်သီးရိုက်တော့ မှာ ဖြစ်ပါတယ်။ LED ဂေါက်သီးကို အရောင် လေးရောင်နဲ့ ထုတ်လုပ်ထားပြီး တစ်ချက်ရိုက် ပြီးရင် ၈ မိနစ် အထိ အလင်းရောင် ထုတ်လွှင့် ပေးနေမှာ ဖြစ်တာမို့ နောက်တစ်ကြိမ်ရိုက်နိုင် ဖို့ ကောင်းစွာ အချိန်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျင်းစိမ်ရာ ဂရင်းနဲ့ အလံကိုင် တို့ကို LED မီးသီး တွေ တပ်ဆင် ထားနိုင်တဲ့ နည်းပညားကို လည်း မိတ်ဆက်ခဲ့တာမို့ ည ဘက်မှာ ဂေါက်သီးကို ကောင်းစွာ ကစားနိုင် မှာ ဖြစ်ပါတယ်။ နောက်ပြီး ရေထဲကျ သွား ရင် လည်း နစ်မြုပ်သွားမှာ မဟုတ်ဘဲ ပေါ်နေမှာ ဖြစ်တာမို့ ဆုံးရှုံးမှုရှိတော့မှာ မဟုတ်ပါဘူး။ ဒီလို တီထွင်မှု တွေ ပြုလုပ်ထားပေမယ့် ဂေါက် သီးမှာ ပါသင့်ပါထိုက်တဲ့အရည်အသွေးတွေ အားလုံး ပါဝင် တယ်လို့ သိရပါ တယ်။ ဒီဂေါက် သီးကို Night Sports ကုမ္ပဏီက ထုတ်လုပ် တာဖြစ်ပြီး ကုမ္ပဏီရဲ့ တာဝန်ရှိ သူ တစ်ဦးက အ ရည် အသွေးအပြည့်အ၀ရှိတဲ့ ဂေါက်သီးဖြစ် ပြီး ထူးခြားတဲ့ခံစားမှုကို ရရှိစေ မှာဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါ တယ်။ ဂေါက်သီးတစ်လုံး ရဲ့ ဘက်ထရီ သက်တမ်းက နာရီ ၄၀ အထိ ခံ ပြီး လေလုံးပါ တစ်ပါကင်ကို ပေါင် ၁၈ နဲ့ အွန်လိုင်းမှာ ၀ယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။


The Messenger