အခြားဖုန်းများကို အားသွင်းပေးနိုင်သော ဖုန်းကို Lenovo ထုတ်လုပ်

ပို့စ်တင်ချိန် - 3/07/2014 11:07:00 AM


Lenovo S860 ဖုန်းသည် အားတစ်ခါသွင်းထားပါက ၂၄ နာရီခန့် စကားပြောနိုင်အောင် စွမ်းဆောင်ရည်မြင့်မားပြီး အခြားဖုန်းများကိုလည်း အားပြန်လည် ဖြည့်တင်းပေးနိုင်ကြောင်း သိရသည်။

အဆိုပါနည်းပညာသည် အသစ်ထွက်ရှိလာသော နည်းပညာမဟုတ်ဘဲ ပြီးခဲ့သည့်လတွင် တရုတ်ကုမ္ပဏီ Huawei ကအခြားဖုန်းများကို အားသွင်းပေးနိုင်သော စမတ်ဖုန်းတစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းဖုန်းမှာ ၆.၁ လက်မရှိသော Ascend Mate 2 4G အမျိုးအစားဖုန်းဖြစ်ကာ ၅.၃ လက်မရှိသည့် Lenovo မှာကိုင်တွယ်ရ ပိုမိုလွယ်ကူသည်။ အဆိုပါ Lenovo S360 သည် မည်သည့်ဖုန်း အမျိုးအစားကိုမဆို အားသွင်းနိုင်ခြင်း မရှိကြောင်းတွေ့ရှိရသည်။

အထူးသဖြင့် Nokia Lumia ဖုန်းများကို အားသွင်းနိုင်ခြင်းမရှိကြောင်း တွေ့ရှိရပြီး ၎င်း Lenovo S860 ကိုဇွန်လတွင် ဒေါ်လာ ၃၄၉ ဖြင့် တင်ပို့ရောင်းချဖွယ်ရှိကြောင်း သိရသည်။

-စိုးထက်
Ref: Yahoo
Internet Journal