နာမည်ကျော် အဆိုတော် ရှာကီရာနှင့် ပစ်ဘူးလ် တို့သီဆိုထားသော သီချင်းစာသားများမှာ နားလည် ရခက်အောင် ပျောက်ဆုံးနေသော မလေးရှား လေယာဉ် MH 370 အဖြစ်အပျက်နှင့် ထူးဆန်းအံ့သြဖွယ် တိုက်ဆိုင်နေ

ပို့စ်တင်ချိန် - 3/19/2014 09:36:00 AM


အဆိုတော် ရှာကီရာနှင့် ပီဘူးလ်တို့ သီဆိုထားသော “Get It Started”အမည်ရှိ You Tube ပေါ်ရှိ ဗီဒီယိုပါ စာသားများသည် ပျောက်ဆုံးနေသော MH 370လေယာဉ် အဖြစ်အပျက်နှင့် တူညီနေသည်ဟုဆိုသည်။

“Get It Started”သီချင်းကို ပီဘူးလ်နှင့် ရှာကီရာတို့မှ သီဆိုခဲ့ပြီး ကြည့်ရှုသူများ၏ စိတ်ဝင်စားမှု အများအပြားရရှိခဲ့သည်။နောက်ပိုင်းတွင် သီချင်းစာသားများမှာ ရှာဖွေနေဆဲဖြစ်သည့် မလေးရှားလေယာဉ် MH 370 နှင့် ထူးဆန်းစွာ တူညီနေသည်ဟု ကြည့်ရှုသူများမှ ပြောဆိုခဲ့သည်။
ဤသီချင်းဗီဒီယိုကို ၂၀၁၂ခုနှစ်တွင်တင်ခဲ့ပြီးယင်းအချိန်မှ စ၍ ကြည့်ရှုသူပေါင်း ၇သန်းကျော်ရှိသည်ဟုဆိုသည်။သီချင်းစာသားများတွင်”Now its off to Malaysia”( မလေးရှားမှထွက်ခွာခြင်း)၊”two passports”(ပတ်စ်ပို့ နှစ်ခု)၊”three cities”(မြို့သုံးမြို့)၊”two countries a day”(တစ်နေ့နှစ်နိုင်ငံ)ဆိုသည့် စာသားများပါဝင်သည်။

ကြည့်ရှုသူများက ”two passports”(ပတ်စ်ပို့ နှစ်ခု) ဆိုသည့် သီချင်းစာသားမှာ ပတ်စ်ပို့ အတုကိုင်ဆောင်ထားသော အီရန် နိုင်ငံသားနှစ်ဦး မှ သြစတြီးယားနှင့် အီတလီ ပတ်စ်ပို့များ ကိုင်ဆောင်ထားသည်ကို ရည်ညွှန်းသည် ဟု အဓိပတ်စ်ပို့ အတုကိုင်ဆောင်ထားသော အီရန် နိုင်ငံသားနှစ်ဦး မှ သြစတြီးယားနှင့် အီတလီ ပတ်စ်ပို့များ ကိုင်ဆောင်ထားသည်ကို ရည်ညွှန်းသည် ဟု အဓိပ္ပာယ်ဖော်ခဲ့ကြသည်။

”Three cities” (မြို့သုံးမြို့) ဆိုသည်မှာ မလေးရှား၊ တရုတ်နှင့် ဗီယက်နမ် မြို့တော်များကို ရည်ညွန်းပြီး ၊“Two countries”(နိုင်ငံနှစ်ခု)ဆိုသည်မှာ မလေးရှားနှင့် ဗီယက်နမ်ဖြစ်နိုင်သည်ဟု ကြည့်ရှုသူများမှ ပြောဆိုခဲ့ကြသည်။

ကြည့်ရှုသူများမှ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370နှင့်သီချင်းကြား တူညီမှုများကို မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အခြားဗီဒီယိုများနှင့် မတူသည်မှာ ဤဗီဒီယိုသည် ဖျော်ဖြေသူနှစ်ဦး၏ သီချင်းစာသားများနှင့် အသံများကိုသာ ပြသခြင်းဖြစ်သည်။
ကြည့်ရှုသူတစ်ဦးဖြစ်သည့် Jai Rui က “ဒီသီချင်းက MH 370 အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

သီချင်းစာသားများထဲမှ “No Ali,No Freezer,but for now off to Malaysia” ဆိုသည့်စာသားများမှာ ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် MH 370 အားရှာဖွေရန် အတွက် ကြည့်ရှုသူများအား ဆက်နွယ်မှုများ ပေးသကဲ့သို့ဖြစ်နေသည်ဟုလည်း ဆိုသည်။
သီချင်းတွင်ပါရှိသော “Ali”ဆိုသူမှာ ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး လေယာဉ်နှင့် လိုက်ပါသွာခဲ့သော မစ္စတာ အာလီအား ရည်ညွန်းခြင်းဖြစ်သည်ဟု လည်းဆိုကြသည်။

ပတ်စ်ပို့ အတုကိုင်ဆောင်ပြီးလေယာဉ်နှင့် လိုက်ပါသွားခဲ့သည့် Ali ဆိုသူမှာ အမှန်စင်စစ်တွင် အသက် ၁၉နှစ် အရွယ်ရှိသော Pouria Nourmohammadi ဖြစ်သည်ဟု မလေးရှားအာဏာပိုင်များမှ နောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
Ali သည် သူ့အား စောင်းဆိုင်းနေသော မိခင်ရှိရာ ဂျာမနီနိုင်ငံ Frankfurt သို့သွားရောက်ခြင်းဖြစ်သည်။

သီချင်းစာသားများမှာ လေယာဉ် အဖြစ်အပျက်များနှင့် ထပ်တူကျနေသည်။လူပေါင်း ၂၃၉ဦးနှင့် အတူပျောက်ဆုံးနေသော MH 370အားတွေးတောမည့် အစား ဤသီချင်းအားပို၍ နှစ်သက်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ကြောင်း အချို့သော ကြည့်ရှုသူများ မှပြောဆိုခဲ့သည်။


Credit- သတင်းဘုရင်