MH 370 ပဟေဠိ ဘယ်တော့မှ အဖြေသိနိုင်ဖွယ်မရှိ

ပို့စ်တင်ချိန် - 3/31/2014 12:28:00 PM


ပညာရှင်တွေကတော့ ဒီမှတ်တမ်းတင် သေတ္တာ ပါ ဒေတာ ရီကော်ဒါ နဲ့ လေယာဉ်ဦးခန်း အသံဖမ်း ရီကော်ဒါ ဟာ လေယာဉ်ခရီးစဉ်ရဲ့ ပထမ တစ်နာရီအတွင်း လေယာဉ် ဘာကြောင့်၊ ဘယ်လို လမ်းကြောင်းပြောင်း သွားရသလဲ ဆိုတဲ့ အဖြေတွေကို ပေးနိုင်ချင်မှ ပေးနိုင်လိမ့် မယ်လို့ ယုံကြည်နေကြပါတယ်။

သည်ဒေတာစုဆောင်းသိမ်းဆည်းရေး ရီကော်ဒါ ဟာ လေယာဉ်ရဲ့ လမ်းကြောင်းနဲ့ ခရီးစဉ်အတွင်းက တခြားသော စက်ပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အသေးစိတ်မှတ်သားထားတာကြောင့် အင်မတန်မှ အသုံးဝင်တဲ့ အချက်အလက်တွေကို ပေးနိုင်လိမ့်မယ် လို့ အမေရိကန်အခြေစိုက် လေကြောင်းဆိုင်ရာ အကြံပေးလုပ်ငန်း လီဟန်း က မှတ်ချက်ပေးပါတယ်။

ဒါပေမယ့် အသံဖမ်း ရီကော်ဒါ ကတော့ လေယာဉ် မပျက်စီးမီ နှစ်နာရီအတွင်းက စကားပြောဆိုမှုတွေကိုသာ သိမ်းဆည်းထားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဓိပ္ပါယ်ကတော့ အလွန်အရေးပါဖွယ် ရှိတဲ့ အစောပိုင်းလေယာဉ် လမ်းကြောင်းပြောင်းရတဲ့ ဖြစ်စဉ် အချိန်ကာလက မှတ်တမ်းတွေဟာ ပျက်စီးသွားပြီး လေယာဉ်မပျက်စီးခင်နှစ်နာရီခန့်က မှတ်တမ်းတွေက ဖုံးလွှမ်းသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

“ ပြောရရင် ထိုင်းပင်လယ်ကွေ့ပေါ်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ တစ်ခုမှ သိရတော့မှာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒီမှတ်တမ်းတွေကို MH370 ရဲ့ နိဂုံးချုပ် ဇာတ်လမ်းက ဖုံးလွှမ်းသွားပါလိမ့်မယ်”
Author ကိုမိုးထက်
Ref: AFP
Kumudra