MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတချို့ ထပ်မံတွေ့ရှိ

ပို့စ်တင်ချိန် - 3/24/2014 09:10:00 AM


ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အပိုင်းအစလို့ ​ယူဆရတဲ့ ​အရာဝတ္ထုတွေကို ​ပြင်သစ်နိုင်ငံကလည်း ​ဆက်တလိုက်ကနေတဆင့် ​တွေ့ရှိထားတယ်လို့ ​သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲ လေယာဉ်ပျောက်အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတွေကို သြစတြေးလျရေတပ်က ရှာဖွေနေစဉ် (Credit: ABC Licensed)

ပြင်သစ်နိုင်ငံက ​တွေ့ရှိထားတဲ့ ​အရာဝတ္ထုဟာ ​သြစတြေးလျ ​နိုင်ငံက ​တွေ့ရှိထားတဲ့ ​နေရာ ​တဝိုက်မှာပဲ ​ရှိနေကြောင်း ​ပြသထားပါတယ်။

သြစတြေးလျ ​နိုငံကလည်း ​ပြီးခဲ့တဲ့ ​တပတ်တုန်းကပဲ ​ဆက်တလိုက် ​ကနေတဆင့် ​အိန္ဒိယ ​သမုဒ္ဒရာ ​တောင်ပိုင်းမှာ ​အရာဝတ္ထု ​နှစ်ခု ​တွေ့ရှိခဲ့ပြီး ​အဲဒီတဝိုက်မှာ ​ရှာဖွေမှုတွေ ​ပြုလုပ်နေဆဲ ​ဖြစ်ပါတယ်။

သြစတြေးလျနဲ့ ​အတူ ​ရှာဖွေမှုတွေ ​လုပ်ဖို့ ​တရုတ်နိုင်ငံက ​လေယာဉ်တွေနဲ့ ​စစ်သင်္ဘောတွေလည်း ​လာရောက်နေကြပြီး ​ဒီကနေ့မှာ ​ဝိုင်းဝန်း ​ရှာဖွေမှု ​လုပ်တော့မှာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​စစ်လေယာဉ်နဲ့ ​တခြားလေယာဉ် ​၈ ​စင်းအပါအဝင် ​စစ်သင်္ဘော ​တစ်စင်းလည်း ​ရှာဖွေမှုတွေ ​လုပ်နေပါတယ်။

ဒါပေမယ့် ​ခုချိန်ထိ ​ထူးခြား ​ခိုင်လုံတဲ့ ​ရှာဖွေတွေ့ရှိမှုတွေ ​မရှိသေးဘူးလို့ ​သြစတြေးလျ ​ရေတပ်လုံခြုံရေး ​အာဏာပိုင်တွေက ​ပြောပါတယ်။

မနေ့ ​တုန်း ​ကလည်း ​ပျောက်ဆုံးနေတဲ့ ​လေယာဉ်ပေါ် ​လိုက်ပါသွားသူတွေနဲ့ ​သူတို့ရဲ့ ​မိသားစုတွေကို ​စာနာကြောင်း ​ပြသတဲ့အနေနဲ့ ​မလေးရှားနိုင်ငံက ​ရာနဲ့ချီတဲ့ ​စက်ဘီးသမားတွေ ​စုပေါင်းပြီး ​ချီတက်မှုတွေ ​လုပ်ခဲ့ကြပါတယ်။

မြို့တော်ကွာလာလမ်ပူကနေတဆင့် ​နိုင်ငံတကာလေဆိပ်ရှိရာ ​အထိ ​စက်ဘီးစီးပြီး ​ထောက်ခံမှု ​ပြသခဲ့ကြတာ ​ဖြစ်ပါတယ်။

လူပေါင်း ​၂၃၉ ​ဦး ​လိုက်ပါသွားတဲ့ ​လေယာဉ်ဟာ ​လွန်ခဲ့တဲ့ ​နှစ်ပတ်ကျော်ကတည်းက ​ပျောက်ဆုံးနေတာ ​ဖြစ်ပါတယ်။

radioaustralia