Mobile Water Purification system ဖြင့် ဒလမြို့နယ်တွင် ကန်ရေများအား သောက်သုံးရေအဖြစ်ပြောင်းလဲလှူဒါန်း

ပို့စ်တင်ချိန် - 3/31/2014 05:59:00 PM




ရန်ကုန် မတ်လ ၂၆

သောက်သုံးရေရှားပါးမှု နှစ်စဉ်ကြုံတွေ့လေ့ရှိသော ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် Trendy Myanmar Co.,Ltd နှင့်ဂျပန်နိုင်ငံတိုကျိုမြို့ Metawater Co.,Ltd တို့ပူးပေါင်းလျက် ရွေ့လျားရေသန့်စင်စက်ဖြင့် ကန်ရေများအားသောက်သုံးရေအဖြစ် ပြောင်းလဲလှူဒါန်းခြင်းကို မတ်လ ၂၆ရက်နေ့တွင် အဆိုပါနေ့မနက် (၉း၀၀)နာရီမှ စတင်ကာလုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် သောက်သုံးရန်မသင့်လျော်သော ကန်ရေ အနောက်များကို သောက်သုံးနိုင်သောအဆင့်ထိရောက်အောင်သန့်စင်နိုင်ကြောင်း ပြည်သူများရှေ့တွင် စွမ်းရည် ပြသခြင်း၊ ပြည်သူများအား သောက်သုံးရေများ ဖြန့်ဝေစေလျက် ယုံကြည်လက်ခံနိုင်မှုကို တိုင်းတာခြင်းများ ပြုလုပ်ရန် ဒလမြို့နယ်ရှိ ဗိုလ်ရန်ပြေရပ်ကွက်၊ မြိုနယ်ထွေအုပ်ရုံးရှေ့ရှိ ရေကန်တွင်လည်းကောင်း၊ ရာဇသင်္ကြန် ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်များတွင်လည်းကောင်း ပြုလုပ်ကြသည်။ အဆိုပါ Mobile Water Purification system ကားနှင့်စက်၏တန်ဖိုးမှာ ကျပ်သိန်း သုံးထောင်ဝန်းကျင်ရှိပြီး မည်သည့်အဖွဲ့အစည်းမဆိုဝယ်ယူ၍ ရေလှူဒါန်းခြင်းများဆောင်ရွက်နိုင်ကြောင်း Trendy Myanmar Co.,Ltdမှ မန်နေဂျာ ဦးနိုင်လင်းဇော်မှ ပြောသည်။ ၄င်းတို့၏စမ်းသပ်သန့်စင်ချက်တွင်ရေ PHအဆင့် 8မှ PH အဆင့် 7.4 အထိပြောင်းလဲသန့်စင် သွားသည်ကိုတွေ့ရသည်။ အချိန်ကြာကြာသန့်စင်ပါက ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။

MOI Webportal Myanmar