လတ်တလော ခေတ်စားနေတဲ့ Mobile ဂိမ်းများ

ပို့စ်တင်ချိန် - 3/27/2014 03:13:00 PM


ထက်အောင်

အခုခေတ်ကတော့ မိုဘိုင်းခေတ် နည်းပညာခေတ်ရောက်ရှိလို့ လာပါပြီ။ အရင်တုန်းက မတူပဲ ဈေးသက်သက်သာသာနဲ့ ဖုန်းလေးဖွင့် ပြီး ဂိမ်းလေးကစားလို့ ရတော့ အရင်လို အမျိုးသားလူငယ်တွေ အတွက်မဟုတ်ပဲ လူကြီးတွေ သာမက မိန်းကလေးတွေကော လူတိုင်းအတွက် ဖြစ်လာပါပြီ။ ပြောရရင်တော့ Smart Phone သုံးတဲ့သူတိုင်းနီးပါး ဂိမ်းတွေနဲ့  နီးစပ်မူရှိလာပြီပြောရပါမယ်။ ဒီအပါတ်မှာတော့ App Store မှာ ထိပ်တန်းရောက်နေတဲ့ Freee Download ချပြီးဆော့လို့  ရတဲ့ ဂိမ်းကောင်းလေးတွေ အကြောင်းတင်ပြလိုက်ပါတယ်။

မိုဘိုင်းဂိမ်းတွေကလည်း အဆင်မြင့်လာချက်ကတော့ တော်တော်လေးကိုတောင် အံ့သြဖို့ ကောင်းပါတယ်။ ဂိမ်းကြီးတွေမှာ သုံးတဲ့ Unreal လို Game Engine တွေကိုတောင် သုံးလာကြပါပြီ။ Graphic Detail က Screen သေးတာပဲရှိမယ် မကြာခင်ဂိမ်းကြီးတွေကို တောင် ရင်ဘောင်တန်းနိင်လာပါတော့ မယ်။ စာရေးသူ ဒီအပါတ်မှာတော့ Gunner Z , Sea Stars , Tanglers Blitz , Adv Land နဲ့  Smash Hit ကို ရွေးချယ်ထားပါတယ်။ အားလုံးကတော့ ဂိမ်းကောင်းတွေချည်းပါပဲ။ ကဲကြည့်လိုက်ကြရအောင်

Smash Hit
=======
Smash Hit ကတော့ စာရေးသူဆော့ပြီး တော်တော်လေးကို သလောကျမိတဲ့ ဂိမ်းလေးပါ။ တော်တော်လေးကိုလည်း စိတ်အပန်းပြေပါတယ်။ ဘာလည်းဆိုတော့ ဂိမ်းဆော့တာကတော့ ရိုးရှင်းပါတယ် သံဘောလုံးလေးတွေနဲ့  မှန်ချပ်လးတွေကို ပြစ်ရုံပါပဲ။ မကျေနပ်တာရှိရင် တော်တော်ကို စိတ် အပန်းပြေစေပါတယ်။ အလုံးတွေ ဆက်တိုက်မှန်လို့ ရှိရင် ပါဝါတွေရပါတယ်။ တကယ်လို့ ပစ်မခွဲနိင်လို့  တိုက်မိရင်တော့ ၁၀ လုံးလျှော့ပါတယ်။ လမ်းမှာ Power Crystal တွေရှိပြီးတော့ ပုံစံပေါ်မူတည်ပြီး သုံးလုံး ၊ ငါးလုံး ၊ ဆယ်လုံး ဆိုပြီးရပါတယ်။ ရလာတာတွေ ကို လမ်းမှာ ပြန်ပစ်ဖို့ သုံးရမှာဖြစ်ပြီး ကုန်သွားရင်တော့ ရူံးပါတယ်။ ဂိမ်းကတော့ တော်တော်လေးကို ဆွဲဆောင်မူရှိတာကို တွေရမှာပါ။ စိတ်လည်းတော်တော်အပန်းပြေပါတယ်။ လွယ်သယောင်ယောင်နဲ့  အခန်းတွေကျော်ဖို့ တော်တော်လေးကို သည်းထိတ်ရင်ဖိုလည်းရှိပါတယ်။ ကစားသင့်ပါကြောင်းတင်ပြလိုက်ရပါတယ်။ Free Download ဖြစ်ပြီး တခန်းနဲ့  တခန်း Save လုပ်ချင်တယ်ဆိုရင်တော့ 1.99 USD နဲ့ ပေးဝယ်ရမှာဖြစ်ပါတယ်။

Sea Stars
======
Sea Stars ကတော့ အမျိုးသမီးငယ်နဲ့ ကလေးတွေနစ်သက်ကြမယ့်ဂိမ်းလေးပါ။ လင်းပိုင်းလေနေရာကဆော့ရမှာ ဖြစ်ပြီး ရွေပြားလေးတွေကို လိုက်စားရမှာပါ။ အရင်တုန်းက ပုံစံတွေ အတိုင်းပါပဲ ။ ပိုကောင်းလာတာကတော့ အဖော် Pet ပါမွေးလို့ ရပါတယ် ။ သူကတော့ ကိုယ်နဲ့ အတူတူရှိနေမှာဖြစ်ပြီး ရွေပြားတွေကိုလည်း ကူးစားပေးဦးမှာ ပါ။ Jelly Fish တွေကတော့ ရန်သူတွေပါပဲ။ တိုက်မိရင်သေးပါတယ်။ ဆက်ဆော့ချင်ရင်တော့ ရွေပြားသုံးလို့ ရပါတယ်။ တော်တော်လေးကို ချစ်စရာကောင်းပြီး ဆော့ရတာလည်း မိုက်ပါတယ်။ နောက်ပိုင်းနည်းနည်းတော့ ခက်ပေမယ့် ဆော့လိုကောင်းပါတယ်။ Power Up တွေလည်း ရျိပြီး ရှေ့ကိုတွန်းပေးတာမျိုး Jelly Fish တွေ ရှင်းပေးတာမျိုးတွေလည်း ပါဝင်ပါသေးတယ်။ အကောင်အသစ်တွေလိုချင်မှဝယ်ရတာပါ။ Free Download ပါ။

Colossatron
=======
Colossatron ကတော့ Free မဟုတ်ပါဘူး ။ သူကတော့ ပိုက်ဆံပေးဝယ်ရတာဖြစ်ပါတယ်။ ကမ္ဘာကိုလာရောက်ဖျက်စီးတဲ့ Monster အနေနဲ့ ဆော့ရမှာဖြစ်ပါတယ်။ Colosatron ဂိမ်းရဲအားသာချက်ကတော့ ဂိမ်းဆော့နေတာကို နောက်ကနေ TV က လာပြီးရိုက်ကူးသလိုမျိုးကို ပြောပြပေးနေတာဖြစ်ပါတယ်။ လူသားတွေဘက်က General Moustage ကနေ ညွန့်ပေါင်းတပ်နဲ့ လာရောက်နိင်နင်းမှာဖြစ်ပါတယ်။
Colossatron ကြီးကို တော့ ထိန်းလို့ မရသလောက်ပါပဲ ဘာလုပ်ပေးရသလဲဆိုတော့ Power တွေကို တွဲဘက်ပေးရတာဖြစ်ပါတယ်။ Power တွေကို တွဲဆက်ပေးရင် ပိုကောင်းတဲ့ ပါဝါတွေလည်းရပါတယ်။ ဥပမာ အဝါရောင်နဲ့ အပြာရောင် ဆက်ရင် အစိမ်းရောင် ပါဝါကို ရပါတယ်။ အစိမ်းရောင်က အသက်ဖြည့်ပေးတာဖြစ်ပါတယ်။ Armour တွေကိုလည်း Upgrade လုပ်ပေးလို့ ရပါသေးတယ်။ သူရဲ့အားသာချက်ကတော့ အသံပါ။ Sound effect တွေတော်တော်လေးကို ကောင်းမွန်တာကို တွေ့ ရပါတယ်။ ဗုံးကြဲရင် မြေကြီးသိမ့်သိမ့်တုန်သွားတာကအစ Colossatron ကြီး ရွေရင် မြွေလိမ်မြွေကောက်နဲ့ တော်တော်လေးကို ဆော့ရတာ ကောင်းပါတယ်။ TVမှာ Live လွင့်သလိုမျိုးတွေလည်း တက်လာတာကို တွေရမှာဖြစ်ပါတယ်။

TechSpace Journal