အူရီးဒူး က mWomen မိခင်နှင့်ကလေး ၊ အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှု ပဏာမခြေလှမ်းများကို မြန်မာနိုင်ငံ၌ တိုးချဲ့

ပို့စ်တင်ချိန် - 3/17/2014 05:37:00 PM


အင်ဒိုနီးရှား ၊ အီရတ် နှင့် ကာတာနိုင်ငံ အပြင် အခြားသောနိုင်ငံများ ရှိ အူရီးဒူး ၏ ကြိုးပမ်း အားထုတ်မှုများ ကို တိုးချဲ့ သည့်အနေနှင့် GSMA ပရဟိတ အဖွဲ့အစည်း ၏ အထောက်အပံ့ နှင့် မိခင်နှင့်ကလေး ၊ အမျိုးသမီးစောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှုများကို မြန်မာပြည်တွင် မိတ်ဆက် တော့မည်

ရန်ကုန်၊ မြန်မာ။

အူရီးဒူး သည် လုပ်ငန်းများ လည်ပတ်ရာ ဈေးကွက်များ၌ မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ က အမျိုးသမီးထုကို လုပ်ပိုင်ခွင့်များဖြင့် အားဖြည့် နိုင်စေရန် ၄င်း၏ ဆုရပြီး အောင်မြင် လျှက်ရှိသည့် mWomen ခေါ် မိခင် နှင့် ကလေး ၊ အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းဝန်ဆောင်မှု အစီအစဉ်ကို ဆက်တိုက် တိုးချဲ့မည်ဟု ကြေငြာ လိုက်သည်။

အင်ဒိုနီးရှား၊ ကာတာ ၊ အီရတ် နှင့် အယ်လ်ဂျီးရီးယား နိုင်ငံများတွင် ထူးခြားစွာ အောင်မြင်လျှက်ရှိသော ယင်း အစီအစဉ် သည် အပြည်ပြည်ဆိုင်ရာ၏ အလေးပေး အသိအမှတ်ပြုခြင်း ကို လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်ရရှိခဲ့သည်။ အူရီးဒူး ၏ နောက်ဆုံးပေါ် ဈေးကွက်ဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း ယင်းအစီအစဉ် အား စတင်မိတ်ဆက်တော့မည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လက်တွဲ ပူးပေါင်းသူများ နှင့် ဒေသခံ အဖွဲ့အစည်းများ ပါဝင်ပြီး GSMA ပရဟိတ အဖွဲ့အစည်း ထံမှ တီထွင်ဆန်းသစ်နိုင်စေ ရန်ပုံငွေကို မကြာသေးခင်ကမှ ရရှိထားသော အူရီးဒူး မြန်မာ သည် အဆင့်ဆင့် ပုံဖေါ်ထားသော မိခင် နှင့် ကလေး ၊ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်သည့် မိုဘိုင်းဝန်ဆောင် အစီအစဉ်ကို မြန်မာပြည်တွင် စတင် မိတ်ဆက်တော့မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

အူရီးဒူး ၏ ကျွမ်းကျင်မှုများဖြင့် စီမံထားသည့် အမျိုးသမီးများ အတွက် မိုဘိုင်းဖုန်းမှ တဆင့် ရရှိသော သတင်းအချက်အလက်များ အခြေခံသည့် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုမှာ မိုဘိုင်း စက်ပစ္စည်း ကရိယာများ မှတဆင့် မိခင် နှင့် ကလေး ၊ အမျိုးသမီး ကျန်းမာရေး စောင့်ရှောက်သော သတင်း အချက်အလက်များကို အခမဲ့ ရရှိမည့် အစီအစဉ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၇၀% ကျော်ရှိသော မီးဖွားခြင်းများသည် ဆေးရုံ၊ ဆေးပေးခန်း မဟုတ်သော နေရာများ တွင်ဖြစ်ပွါးလျှက်ရှိသည်။ ထို့အပြင် ကလေးသူငယ် အသေအပျောက်နှုန်း နှင့် ကလေးသူငယ်များ အဟာရချို့တဲ့နှုန်းများ လည်း အဆမတန် မြင့်လျှက်ရှိသည့်အပြင် မိခင်များ ကျန်မာရေးချို့တဲ့သော ကိစ္စရပ်များ စသည်များ ကို ဖြေရှင်းရန် လိုအပ်လျှက်ရှိသည်။ ယခု အစီအစဉ်သည် အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ အခိုင်အလုံရှိသည့်အပြင် ၊ ကျန်းမာရေး အတတ် ပညာရှင်များ ဆရာဝန်များ သူနာပြုများ နှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီး ခံစားနေသော ဝေဒနာများ ကျန်းမာရေး ပြသာနာများ ကို ဆွေးနွေးမေးမြန်း နိုင်ပြီး လိုအပ်လို ကုထုံးများ အဖြေရှာ နိုင်ပါသည်။

အူရီးဒူး မြန်မာ ၏ အမှုဆောင် အရာရှိချုပ် Ross Cormack က, “မိုဘိုင်းဖုန်း သုံးဖို့ အမျိုးသမီး တိုင်း အခွင့်အရေး တန်းတူ ရှိသင့်တယ် လို့ ကျွန်တော်တို့ ယုံပါတယ်။ အူရီးဒူး လုပ်ငန်းများ လုပ်ကိုင်ရာ ဈေးကွက်တွေ မှာ အမျိုးသမီးတွေ အတွက် အတွေ့အကြုံ ဗဟုသုတတွေ ရစေဖို့ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို ပေးနေပါတယ်။ အထူးသဖြင့် အူရီးဒူး ရဲ့ စွန့်ဦး တည်ထောင် ခဲ့တဲ့ ဈေးကွက်တွေ ဖြစ်တဲ့ အာရှဆဲလ် နဲ့ အင်ဒိုဆက် ရှိတဲ့ ဈေးကွက် တွေမှာ ပေးနေပါတယ်။ အမျိုးသမီးထု လိုအပ်သမျှ ဆီလျှော်တဲ့ သတင်း အချက်အလက်တွေ ကို စိတ်တိုင်းကြ လိုအပ်သလို ရရှိနိုင်စေဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပါဝင်တဲ့ အကြောင်းအရာ ထည့်တာတွေ ကို ကျွမ်းကျင်သူ ပညာရှင်တွေ နဲ့ အထင်ကရ Developer တွေ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာ့ လူမှုဘ၀တွေ ထဲက အဓိက အရေးအကြီး ဆုံး ပြသာနာတွေကို အဓိကထားပြီး ထိပ်ဆုံးက ဖြေရှင်းမယ့် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုတွေ ကိုပေးသွားဖို့ လည်းရှိပါတယ်။ ဒီလို ၀န်ဆောင်မှုတွေ ပေးသွားဖို့ GSMA ရဲ့ တီထွင်ကြံဆခြင်းများ ဆိုင်ရာ ရန်ပုံငွေ ကို ရလို့ အင်မတန် ၀မ်းသာပါတယ်။”

ယခုလို ကြေငြာချက်ကို အူရီးဒူး က အမျိုးသမီးထု စွမ်းအားမြှင့်တင်ရေး ၀န်ဆောင်မှုများ အပါအ၀င် မိုဘိုင်း Applications များတီထွင် ကြံဆမှုများ ကို စုံစုံလင်လင် ကျယ်ကျယ်ပျံ့ပျံ့ပြသ နေသော စပိန်နိုင်ငံ ဘာဆီလိုနာမြို့တွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပ လျှက်ရှိသည့် GSMA ကမ္ဘာ့မိုဘိုင်း ညီလာခံ ထုတ်ဖေါ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

ညီလာခံ ရှိ ၊ အူရီးဒူး ၏ ပြခန်းတွင် အူရီးဒူး သည် GSMA အဖွဲ့အစည်း၊ သြစတေးလျနိုင်ငံ ပရဟိတ အကူအညီ ပေးရေး အဖွဲ့ နှင့် အမေရိကန်နိုင်ငံ ပရဟိတ အကူအညီ ပေးရေး အဖွဲ့များ နှင့် ပူးပေါင်းလျှက် ဒီဇိုင်း စိန်ခေါ်ပွဲတွင် အနိုင်ရရှိထားသော Application အမျိုးသမီး စောင့်ရှောက်ရေး မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှု တစ်ခု ဖြစ်သည့် WOBE ကိုပြသ ထားသည်။ ယင်း စိန်ခေါ်ပြိုင်ပွဲကို ပေါ်ပေါက်လာသော ဈေးကွက်များမှ အရင်းအမြစ်များ မရှိသော အမျိုးသမီးထု အတွက် smartphone သုံးသူများ ၏ အတွေ့အကြုံများကို ပိုမို ကောင်းမွန်စေနိုင်စေရန် ကျင်းပခြင်းဖြစ်သည်။ WOBE သည် အမျိုးသမီးများ အတွက် ဖုန်းနှင့် ပါတ်သက်သော အရင်းအမြစ်များကို ချုပ်ကိုင်စေ နိုင်သည်။ ဖုန်းပြောနေစဉ် အချိန်တွင် အကောင်းဆုံး အတွေ့အကြုံများကို ပေးမည်ဖြစ်သည်။ ဘက်ထရီ သွင်းသော ကရိယာများ အပြင် ဈေးသက်သာ ချောင်ချိစေသည့် ဖုန်းကို ဝေမျှအသုံးပြုနိုင်ခြင်း နှင့် အရေးပေါ် စာတို ပုံနိုင်ခြင်းများ စွာ ပါဝင်သည်။ အူရီးဒူး သည် ၄င်း ၏ ကမ္ဘာအရပ်ရပ် တွင် လုပ်ငန်း လုပ်ကိုင် လာသော အကောင်းဆုံး အတွေ့အကြုံများ ကို အခြေခံလျှက် မိခင်နှင့်ကလေး အပြင် အမျိုးသမီးထု တစ်ခုလုံး၏ ကျန်းမာရေး နှင့် ပါတ်သက်သော မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ပေးလျှက်ရှိပါသည်။

ဥပမာ အားဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ အင်ဒိုဆက်သည် InfoWanita, UsahaWanita နှင့် Mentari ဟူသော မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုများကို အမျိုးသမီးထု အတွက် တီထွင်ခဲ့သည်။ ကျန်းမာရေး ၊ ရင်သွေးငယ်များ အရေး နှင့် ဘဏ္ဍာငွေကြေး ဆိုင်ရာများ ကို စာတိုပို့ခြင်း စနစ်ဖြင့် အခြေခံ ထားသော အခမဲ့ ရရှိနိုင်သော Application မှာ InfoWanita ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံရှိ အင်ဒိုဆက် နှင့် အမျိုးသမီးများ အတွက် Cherie Blair ၏ ရန်ပုံငွေ အဖွဲ့အစည်းတို့ လက်တွဲလျှက် စွန့်ဦး တည်ထောင်သူ အမျိုးသမီး ကိုယ်ပိုင်စီးပွါးရေး လုပ်ငန်းရှင်များ အတွက် အင်တာနက်ကို အခြေခံသော Application မှာ Usaha Wanita ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံရှိ အမျိုးသမီးများ အတွက် ဈေးကွက်ထဲ တွင်လိုအပ်လျှက်ရှိသော အရာများကို ဝေဖန်ပိုင်းခြားနိုင်ရန် နှင့် လိုအပ်သော ပစ္စည်း ပစ္စရများကို ရှာဖွေပေးနိုင်ရန် ယင်းသို့သော ၀န်ဆောင်မှုများ အတွက် အူရီးဒူး သည် ဒေသခံ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်းများ ၊ အကြောင်းအရာ စီမံသော ကျွမ်းကျင်သူများ နှင့် ပူးပေါင်းထားသည်။

အင်ဒိုနီးရှား နိုင်ငံရှိ အမျိုးသမီးထု ၏ မိုဘိုင်း ဆက်သွယ်ရေး အသုံးပြုပုံ အလေ့အထများကို သိရှိကာ အံဝင် ခွင်ကျ စီမံပေးထားသော Mentari Aura ဟူသော မိုဘိုင်း Application သည် မိသားစုဝင်များ နှင့် သူငယ်ချင်းများ ကို ၂၄ နာရီ ဖုန်း အခမဲ့ ခေါ်ဆိုနိုင်ပြီး လူမှုအင်တာနက် စာမျက်နှာများ နှင့် အမျိုးသမီးထု အတွက် ရည်ရွယ်ပြီး အထူး တည်ထောင်ထား သော အင်တာနက် စာမျက်နှာများသို့ အချိန် အကန့် အသတ်မရှိ သွားရောက်ကြည့်ရှူနိုင်သည်။

အီရတ်နိုင်ငံ ရှိ အူရီးဒူး ကုမ္ပဏီ ခွဲဖြစ်သော အေရှဆဲလ် သည် အီရတ် အမျိုးသမီးများ ၏ လိုအပ်ချက်များ ကို

ကျယ်ကျယ် ပျံ့ပျံ့ သုတေသနပြုလုပ်ခဲ့ပြီး Almas ခေါ် စိန် ဟူသော ခေတ်မှီ ဆန်းသစ်သော မိုဘိုင်းလိုင်း ကို အီရတ်နိုင်ငံ အမျိုးသမီး ထု လိုအပ်ချက်များ ဖြည့်စီး ပေးသည့်အနေ နှင့် အထူးပြု ထုတ်လုပ်ခဲ့ ပါသည်။ ယင်း စိန် မိုဘိုင်း ဖုန်းလိုင်းကို ၂၀၁၁ ဧပြီလမှ စ၍ မိတ်ဆက်ခဲ့ရာ မိုဘိုင်း ဆက်သွယ်ရေး နည်းပညာ ကို အလွယ်တကူ ရရှိနေသဖြင့် ၂ သန်းကျော် ခန့်ရှိသော အမျိုးသမီးထု သည် သူငယ်ချင်းများ၊ မိသားစု ၀င်များ နှင့် အဆက်အသွယ်များ ရရှိကာ လူမှုရေးအရရော ငွေရေးကြေးရေးအရပါ ပိုမို လွပ်လတ်လာခဲ့ကြသည်။ အာရှဆဲလ် ၏ အမျိုးသမီး သုံးစွဲသူ ဦးရေ သည်လည်း ၂၀% မှ ၄၀% ထိ တိုးပွါးလာခဲ့သည်။

ကာတာနိုင်ငံတွင် မူ၊ အူရီးဒူး သည် “ အမျိုးသမီးများ မည်သို့ အလုပ်လုပ်ကြ သနည်း” ဟူသော နိုင်ငံပိုင် အမျိုးသား ပရဟိတ ဆရာဝန်များ သူနာပြုများ အဖွဲ့အစည်း နှင့် ၃ နှစ်တာ လက်တွဲပြီး အထူးသဖြင့် အမျိုးသမီး စွန့်ဦးတည်ထောင်သူ ကိုယ်ပိုင် စီးပွါးရေး ထူထောင်သူများ နှင့် အမှူဆောင် အရာရှိများ ၊ ၀န်ထမ်းများ နှင့် အလုပ်အကိုင် ရှာဖွေနေသူများ ကို ရည်ရွယ်လျှက် သတင်းအချက်အလက်များ နှင့် လူမှု ကွန်ရက် ဆက်ယှက်ခြင်းများ ဖြင့် ပံ့ပိုးပေးနေသည်။

ယမန်နှစ် ၂၀၁၃ စက်တင်ဘာလတွင် ၊ အမေရိကန် နိုင်ငံ နယူးယောက်မြို့ ၌ ကျင်းပပြုလုပ်သော ကလင်တန် ကမ္ဘာ့ ပဏာမခြေလှမ်များ , Clinton Global Initiative (CGI) ၏ နှစ်ပတ်လည် အစည်းအဝေးတွင် အူရီးဒူး သည် အမျိုးသမီးများ အတွက် Cherie Blair ရန်ပုံငွေ အဖွဲ့အစည်း နှင့် လက်တွဲလျှက် မြန်မာနိုင်ငံရှိ အမျိုးအသီးများ စွန့်ဦး တည်ထောင်သော ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းရှင်များ ဖြစ်ရေးကို ကတိပြုခဲ့ကြသည်။

အူရီးဒူး ၏ မိုဘိုင်း ဖုန်းလိုင်း နှင့် အင်တာနက် လိုင်း များကို မိမိ လူမှုပါတ်ဝန်းကျင်များ ကို ရောင်းချ ခြင်းဖြင့် ၂၀၁၆ ခုနှစ်တွက် မြန်မာ အမျိုးသမီး ၃ သောင်း သည် ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းရှင်များ ဖြစ်လာစေရန် အူရီးဒူး နှင့် အမျိုးသမီးများ အတွက် Cherie Blair ရန်ပုံငွေအဖွဲ့အစည်းတို့ သည် စံပြ ၀န်ဆောင်မှု တစ်ခုကို သတ်မှတ်လိုက်သည်။ယင်းသို့ ပြုလုပ်လိုက်သောကြောင့် မြန်မာ အမျိုးသမီးများ သည် မိမိ မိသားစု အတွက် စီးပွါးရေး အရတွင်မကပဲ တိုင်းပြည်၏ စီးပွါးရေး တိုးတက်ဖွံ့ဖြိုးမှု ကိုပါ တဖက်တလမ်း က အထောက်အကူပြုမည် ဖြစ်သည်။

Internet Journal