မြောင်းမြ NLD ပါတီဝင်များ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ

ပို့စ်တင်ချိန် - 3/29/2014 07:28:00 PM











မြောင်းမြ၊ မတ် ၂၉။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းပြမြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၅၀၀ခန့်က ယနေ့နံနက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြသူများသည် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ၊ပုဒ်မ ၅၉(ဃ) (စ) အလိုမရှိ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးရေး အမြန်ဆောင်ရွက်ပေး၊ တိုင်းရင်းသားဒေသများ ထာရ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံဥပဒေပါ ပြည်သူကို ဖိနှိပ်သောပုဒ်မများ ဖျက်သိမ်းရေး စသည့်အချက်(၅)ချက်ကို ကြွေးကြော်ခဲ့ကြပြီး မြို့တစ်ပါတ် စီတန်းလှည့်လည်ခဲ့ကြသည်။

“အဓိက ၅၉(စ)မှာ ပါတာက စစ်သားနဲ့ စစ်မှုထမ်းဟောင်းတွေပဲ သမ္မတဖြစ်ခွင့်ရှိနေတယ်၊  ဒါကိုပြင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့် ရှိလာမှာပါ”ဟု မြောင်းမြမြို့ NLDပါတီ ဥက္ကဋ္ဌ ဦးဘိုဖြူ က ပြောသည်။

ဓာတ်ပုံ – ထက်နောင်နောင်
The Myanma Age