Question & Answer

ပို့စ်တင်ချိန် - 3/22/2014 06:27:00 PM


သြစတြေးလျမှာ ကျောင်းပြီး အလုပ်အကိုင် ရရှိဖို့ ဘယ်ဘာသာရပ်တွေက ဦးစားပေးခံရပါသလဲ။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ခေတ်နဲ့အညီ Science, Technology, Engineering, Math ဘာသာရပ်တို့ကို ဦးစားပေးနေကြပါ တယ်။ ဘာသာရပ် နယ်ပယ်လေးမျိုးကို ပေါင်းစည်းပြီးတော့လည်း STEM ဟု အတိုကောက် ခေါ်ဝေါ်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း STEM ဆက်စပ် ဘာသာရပ်များနဲ့ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိနိုင်ခြေပိုများ ပါတယ်။ သြစတြေးလျအစိုးရ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ Bachelor (သို့) Master (သို့) PhD ဘွဲ့ ရရှိထားမယ်ဆိုပါက (သြစတြေးလျတွင် အနည်းဆုံး နှစ်နှစ် သင်ကြားထားခြင်းဖြစ်ရ မည်) Pot Study Work အဖြစ် သြစတြေးလျမှာ ဆက်လက် နေထိုင်ခွင့် အနည်းဆုံး ၂ နှစ်ရရှိနိုင်ပါတယ်။



အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်တွေဖြင့် ယူကေကျောင်းတွေကို လျှောက်ထားလို့ ရနိုင်ပါသလား။ ဘယ်နှစ်ကနေ ဝင်ခွင့်ပြုပေးပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။

အင်္ဂလန် သိအမှတ်ပြု အောင်လက်မှတ်တွေမှာ စီးပွားရေး၊ ကွန်ပျူတာ၊ အင်ဂျင်နီယာ အထူးပြုများဆိုပြီး သုံးမျိုးရှိပါတယ်။ ယူကေမှာ တက္ကသိုလ်၊ ကောလိပ် ၁၄၀ ကျော်ရှိပြီး ကျောင်းတိုင်းကတော့ မြန်မာနိုင်ငံမှ အင်္ဂလန် အသိအမှတ်ပြု ဒီပလိုမာများကို အသိအမှတ်ပြုလေ့ မရှိဘဲ အချို့သော တက္ကသိုလ်များကတော့ အသိအမှတ်ပြု လက်ခံပါတယ်။ယူကေက ဘာသာရပ် ကင်းလွတ်ခွင့်များ ပေးလေ့မရှိဘဲ စာသင်နှစ် ကင်း လွတ်ခွင့် စနစ်နဲ့ သွားလေ့ရှိပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ကိုယ်သင်ယူထားတဲ့ဟာနဲ့ ကိုယ်လျှောက်ထားမယ့် ဘာသာရပ် ဆက်စပ်ကိုက်ညီပါက ဘာသာရပ် ကင်းလွတ်ခွင့်နဲ့ စာသင်နှစ် ကင်းလွတ်ခွင့်၊ နှစ် မျိုးစလုံး ရရှိနိုင်ပါတယ်။


ဥပမာ IADCS, IADBA, ABE Level 6 ဒီပလိုမာ လက်မှတ်ကိုင်ဆောင်ထားပါက ယူကေတက္ကသိုလ် အချို့တွင် နောက်ဆုံးနှစ် (Top Up Degree Program) တွေကို ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။ အင်ဂျင်နီယာ အထူးပြု HND (သို့) Adv Diploma များရှိရင်တော့ IELTS နဲ့ Transcript ပေါ်မူတည်ပြီး စာသင်နှစ် ကင်းလွတ်ခွင့်ကို တက္ကသိုလ်ရဲ့ Ranking နဲ့ မိမိရွေးချယ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်ပေါ် မူတည်ပြီး သက်ဆိုင် ရာ ကျောင်းများမှ case by case ဆုံးဖြတ်မှာ ဖြစ်ကာ နောက်ဆုံးနှစ် (သို့) ဒုတိယနှစ်မှ ဝင်ရောက်ခွင့် ရရှိနိုင်ပါတယ်။


CROWN Education မှ ကူညီဖြေကြားသည်။
Internet Journal