ချန်နယ်လ် ရှိုးမှာ သတင်းထောက်တွေကို ဒေါသထွက်ခဲ့ရတဲ့ Rihanna

ပို့စ်တင်ချိန် - 3/07/2014 08:46:00 PM




သီဟနိုင် on 2014-03-07 11:19    
Rihanna ဟာ ပုံမှန်တော့ မီဒီယာရဲ့ အာရုံစိုက်မှုကို မြတ်နိုးပါတယ်။ ဒါပေမဲ့ ပါရီမှာလုပ်ခဲ့တဲ့ ချန်နယ်လ် ရှိုးတစ်ခုမှာတော့ R&B အဆိုကျော် Rihanna ဟာ သူ့နား အရမ်းတိုးကပ်လာတဲ့ သတင်းထောက်တစ်ဦးကို ရိုက်ခဲ့ပါတယ်။ ချန်နယ်လ် ကလုပ်တဲ့ ရှိုးကတော့ စူပါမားကစ်ပုံစံ ဆိုလိုရင်းဖြစ်တဲ့ ဖက်ရှင်ရှိုးတစ်ခုပါပဲ။ Rihanna ဟာ သူမရဲ့ သူငယ်ချင်း မော်ဒယ် Cara Delevingne ရဲ့ရှိုးလျှောက်တာကို ကြည့်ရှုပြီးတဲ့နောက်မှာ ခန်းမထဲကနေ ထွက်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေက ပြုံဆင်းလာပြီး သူမကို ပိတ်ထားသလို ဖြစ်ခဲ့ပါတယ်။ Rihanna ရဲ့သီချင်းတွေပါတဲ့ ဖက်ရှင်ဒီဇိုင်နာ Karl Lagerfeldရဲ့ ဂီတရွေးချယ်မှုအကြောင်း မေးမြန်းခဲ့တဲ့အခါ “သိပ်ကို ပြီးပြည့်စုံပါတယ်။” လို့ Rihanna ကဖြေခဲ့ပါတယ်။ အဲ့ဒီ့နောက် သတင်းထောက်တစ်ယောက်ရဲ့ မိုက်ခရိုဖုန်းက သူမရဲ့ မျက်နှာနားကို အတင်းတိုးကပ်လာတဲ့အခါမှာတော့ သူမဟာ ဒေါသထွက်ခဲ့ရပါတယ်။ “အဲ့ဒီ့ သောက်ဟာကြီးကို ဖယ်ပေးလို့မရဘူးလား။” လို့ပြောပြီး ချန်နယ်လ် လက်ကိုင်အိတ်ကြီးနဲ့ မိုက်ခရိုဖုန်းကို ရိုက်ခဲ့ပါတယ်။ အနှောင့်အယှဉ် နည်းနည်းရှိခဲ့ပေမဲ့ ချန်နယ်လ် ဖက်ရှင်ရှိုးဟာ အောင်မြင်ခဲ့ပါတယ်။ ဒီရှိုးကို တကယ့် စူပါမားကစ် မှာပဲလုပ်ခဲ့တာပါ။
Ref:theboombox.com
Trend Myanmar