Selfie ရိုက်ကူးမှု အသားပေးထားသည့် ကင်မရာကို Samsung မိတ်ဆက်

ပို့စ်တင်ချိန် - 3/28/2014 10:46:00 AM


ကမ္ဘာ့အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံးမှန်ဘီလူးများ ဖလှယ်နိုင်သည့် ကင်မရာဖြစ်သော Samsung ၏ NX mini စမတ်ကင်မရာသည် အိတ်ကပ်ထဲတွင် မှန်ဘီလူးတပ်ဆင်၍လည်း သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

၎င်းစမတ်ကင်မရာသည် အလွန်ပါးလွှာပြီး 110.4x61.9x22.5 mm အရွယ်အစားခန့်ရှိကာ Samsung Galaxy S5 စမတ်ဖုန်းထက် ပိုမိုသေးငယ်ပြီး သေးငယ်ရသည့် အကြောင်းမှာ Samsung အနေဖြင့် စမတ်ဖုန်းအတွဲ အဖက်အဖြစ် နောက်ဆုံးပေါ် ကင်မရာကိုတွေ့မြင်လိုခြင်း ဖြစ်သည်။ အဆိုပါထုတ်ကုန်ကို ညာဘက်ဖြင့် headset အသုံးပြုနေစဉ်အတွင်း ဘယ်ဘက်အိတ်ကပ်တွင် အလွယ်တကူ ထည့်ထားနိုင်သည်။ NX Mini ကင်မရာကို မဂ္ဂနီဆီယမ်နှင့် အလူမီနီယမ်တို့ဖြင့် တည်ဆောက်ထားပြီး လက်ဖြင့်ပြုလုပ်ထားသည့် leather ဖြင့်ကင်မရာကို ထည့်သိမ်းနိုင်ကာ လက်တွင်လည်း မြဲမြံစွာကိုင်ထားနိုင်သည်။ Samsung သည်စမတ်ဖုန်းများနှင့် တွဲဖက်အသုံးပြုနိုင်ရန် အမျိုးမျိုးသောမှန်ဘီလူးများ တပ်သုံးသည့်အခါ သာမန်ကျောဘက် စမတ်ဖုန်းကင်မရာထက် ကောင်းမွန်သော အရည်အသွေးနှင့် စွမ်းဆောင်ရည်ရှိသောကြောင့် selfie များအတွက် အသုံးပြုနိုင်သည်။ NX Mini ကိုဧပြီလအတွင်း ဖြန့်ချိမည်ဖြစ်ပြီး အနက်ရောင်၊ အဖြူရောင်၊ အညိုရောင်၊ အစိမ်းရောင်နှင့် ပန်းရောင်ဟူ၍ ထုတ်လုပ်သွားမည်ဖြစ်သည်။ ထို့ပြင်အထူးပြုလုပ်ထားသော မှန်ဘီလူးများကိုလည်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။


-စိုးထက်
Ref: Yahoo
Internet Journal