လန်ဒန်မြို့ရှိ ဖက်ရှင်စတိုး အဝတ်လဲခန်းများတွင် selfie ပြုလုပ်နိုင်ရန် စီစဉ်ထား

ပို့စ်တင်ချိန် - 3/19/2014 09:41:00 AM


Selfie ဟူသည့် အသုံးအနှုန်းကို ပြီးခဲ့သည့် တစ်နှစ်အတွင်း ရာခိုင်နှုန်း ၁၇,၀၀၀ ကျော်သုံးစွဲ လာခဲ့ပြီး Oxford အဘိဓာန်၏ word of the year အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

Selfie ဟူသည့် အဓိပ္ပာယ်သည် စမတ်ဖုန်း သို့မဟုတ် webcam အသုံးပြု၍ မိမိကိုယ်မိမိ ဓာတ်ပုံပြန် ရိုက်ပြီး social media ဝက်ဆိုက်သို့ upload ပြုလုပ်ခြင်းကို ဆိုလိုသည်။ ၎င်းကဲ့သို့ selfie ရိုက်ကူးမှု ရေပန်းစားလာသည့် အတွက် လန်ဒန်မြို့ရှိ ဖက်ရှင်စတိုးတစ်ခုတွင် ဈေးဝယ်သူများအတွက် selfie ဝန်ဆောင်မှု စတင်ပေးခဲ့ကြောင်း သိရသည်။ ၎င်း ဖက်ရှင်စတိုးတွင် ဈေးဝယ်သူများ အနေဖြင့် အဝတ်လဲခန်းအတွင်း အဝတ်အစားများ စမ်းသပ် ဝတ်ကြည့်ရင်း selfie ရိုက်ကူးမှုများ ပြုလုပ်နိုင်ကာ သူငယ်ချင်းများထံသို့ ပေးပို့၍ အမြင်များ တောင်းခံနိုင်ပြီ ဖြစ်သည်။

အဆိုပါ အဝတ်လဲခန်း selfie ရေစီးကြောင်းကို စတင်ပြုလုပ်သည့် ဆိုင်မှာ Chanel Kaiser Karl Lagerfeld ဖြစ်ပြီး ၎င်း ဖက်ရှင်စတိုးသည် ပြီးခဲ့သည့် ရက်အနည်းငယ်က လန်ဒန်မြို့ Regent လမ်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်၏ အဝတ်လဲခန်း များတွင် နံရံအတွင်း အင်တာနက်ချိတ်ဆက်ထားသော iPad များကို ထည့်သွင်းထားသည်။ အဆိုပါ built-in touchscreen များသည် ဈေးဝယ်ထွက်သူများကို ဓာတ်ပုံ ရိုက်ကူးပေးနိုင်ပြီး ၎င်းတို့၏ ဓာတ်ပုံ များကို Karl မှထောက်ပံ့ပေးထားသည့် filter အမျိုးမျိုးကို သုံးပြီးနောက် Facebook, Twitter နှင့် email မှတဆင့် ဝေမျှနိုင်ကြောင်း သိရသည်။

Ref: DailyMail
Internet Journal