ဒုံးပျံဖြင့်တိုက်ခိုက်လာခြင်းကို လမ်းကြောင်းလွှဲပေးနိုင်မည့် SkyShield

ပို့စ်တင်ချိန် - 3/11/2014 07:46:00 PM


ပြန်ဆိုသူ- World Wide

အရပ်ဘက်သုံး လေယာဉ်များ၏ အဓိကစိန်ခေါ်နေသော လုံခြုံရေးပြဿနာမှာ အကြမ်းဖက်တိုက်ခိုက် သူများမှ ဒုံးပျံများဖြင့် တိုက်ခိုက်လာလျှင် မည်ကဲ့သို့ ခုခံရှောင်တိမ်းကာကွယ်ရမည်နည်းဆိုသည့် ပြဿနာပင် ဖြစ်ပေသည်။ သို့သော် အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လေဆာစနစ်သုံး SkyShield မှ အကူအညီပေးနိုင်တော့မည်ဖြစ်ပါသည်။

အဆိုပါစနစ်အား MUSIC ဟုခေါ်ပြီး အရှည်ကောက်မှာ Multi-Spectral Infrared Countermeasure ဖြစ်ပါသည်။ အကြမ်းဖက်သူမှ ဒုံးပျံဖြင့် တိုက်ခိုက်လာခြင်းကို လုပ်ဆောင်ပါက လေယာဉ်ပေါ်ရှိ လေယာဉ်မှူးမှ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ လုပ်ဆောင်စရာမလိုဘဲ ၄င်းစနစ်ကသာ တိုက်ခိုက်မှုကို ရှောင်ကွင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ပေသည်။

MUSIC အနေဖြင့် Infrared Sensors များကိုအသုံးပြု၍ လေယာဉ်အား တိုက်ခိုက်ရန် ၀င်ရောက်လာ သော ဒုံးပျံများကို စက္ကန့်ပိုင်းအတွင်း စုံစမ်းထောက်လှမ်းပြီးနောက် လေဆာရောင်ခြည်ကို အသုံးပြု၍ ဒုံးပျံ၏ လမ်းကြောင်းပြစနစ်ကို လှည့်စားကာ လမ်းကြောင်းပြောင်းခြင်း ၊သို့မဟုတ် အခြားအရာဝတ္တုတစ်ခုအား ထိမိစေခြင်း၊ သို့မဟုတ် လေထုထဲတွင်ပင် ပေါက်ကွဲစေခြင်း အစရှိသည်များကို လုပ်ဆောင်စေမည်ဖြစ်ပါသည်။

ယခုနည်းပညာအား အစ္စရေးမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်များ ဆင်းခြင်း၊ တက်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် တိုက်ခိုက်လာနိုင်သော ဖြစ်ရန်များကို ရှောင်ရှားနိုင်ရန် အလို့ငှာ တီထွင်ခဲ့ ခြင်းဖြစ်ပြီး ဈေးကွက်တွင် တစ်ကမ္ဘာလုံးရှိ အရပ်ဘက်သုံးလေယာဉ်များလုံခြုံရေးအတွက် ရောင်းချနိုင်ရန်လည်း လုပ်ဆောင်လျက် ရှိပါသည်။ အစ္စရေးလေတပ်မှ ဗိုလ်မှူးချုပ် Eitan Eshel ၏ ပြောကြားချက်အရ “ SkyShield သည် ရှုပ်ထွေးသော စနစ်များကိုအသုံးပြုထားသည့် ခေတ်မီစွာ စမ်းသပ်အောင် မြင်ထားသော စနစ်ဖြစ်ပြီး ယခုအခါ အစ္စရေးလေကြောင်းလိုင်းများကို ကာကွယ်ရန်အသင့်ဖြစ်နေပါပြီ” ဟု သိရပါသည်။

Ref:thetechjournal
TechSpace Journal