အမေရိကန်နိုင်ငံရှိ အရောင်းဆိုင်အချို့ကို Sony ပိတ်သိမ်းမည်

ပို့စ်တင်ချိန် - 3/07/2014 11:07:00 AM


Sony သည်အမေရိကန်နိုင်ငံတွင် ဖွင့်လှစ်ထားသော အရောင်းဆိုင် ၃၁ ဆိုင်အနက် ဆိုင်ပေါင်း ၂၀ ကိုပိတ်သိမ်းသွားမည် ဖြစ်သလို ဝန်ထမ်းဦးရေများကိုလည်းလျှော့ချ သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

၎င်းတို့၏ပြိုင်ဘက်များ လူသုံးကုန် အီလက်ထရောနစ် ဈေးကွက်အတွင်း ပိုမိုပါဝင်လာခြင်းကို ထိန်းချုပ်ရန် ယခုကဲ့သို့ပြုလုပ်ခဲ့ကြောင်း Sony ကပြောကြားခဲ့သည်။ Sony သည်ပြီးခဲ့သည့်လက ၎င်း၏ PC လုပ်ငန်းကို ရောင်းချခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ခြေလှမ်းကိုစတင် ပြုလုပ်နေပြီဖြစ်သည်။

ဝန်ထမ်းဦးရေ လျှော့ချခြင်းနှင့် ပတ်သက်ပြီး Sony Electronics ၏အမှုဆောင်အရာရှိချုပ် Mike Fasulo က ယခုအပြောင်းအလဲသည် အလွန်ခက်ခဲကြောင်း ၄င်းတို့သည် မိမိတို့၏အနာဂတ် တိုးတက်မှုအတွက် အဖြစ်နိုင်ဆုံးနေရာအချို့မှာ ခန့်အပ်ရန်လိုအပ်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။ Sony သည်ယခုအခါတွင် စမတ်ဖုန်းနှင့် tablet များကိုသာ အာရုံစိုက်လုပ်ကိုင် တော့မည်ဖြစ်ကြောင်း
သိရသည်။

-စိုးထက်
Ref: Engadget
Internet Journal