SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး

ပို့စ်တင်ချိန် - 3/03/2014 10:10:00 AM




SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း နင်းမိပေါက်ကွဲခြင်းကြောင့်
ဒဏ်ရာ ရရှိခဲ့သည့် ဒေါ်မယ်ခမ်းဆွေ နှင့် မအေးမွန် တို့အား ကျောက်မဲခရိုင်
ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက်လျက် ရှိစဉ်

နေပြည်တော် ၊ ၃-၃-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ မြို့နယ် ၊ လွယ်အံတင်း ကျေးရွာအုပ်စု ၊ ပန်လော့ ကျေးရွာ တွင် နေထိုင်သော ဦးမောင်ဝင်း သည် ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ ၊ သားဖြစ်သူ မောင်ဆာ ၊ သမီးဖြစ်သူ မအေးမွန် တို့နှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်း တွင် ပန်လော့ ကျေးရွာ ၏ အနောက်ဘက် ၄ မိုင်ခန့် အကွာရှိ ၄င်းတို့၏ တောင်ယာမှ ပြန်လာရာ ကျေးရွာ အနီးသို့ ရောက်ရှိစဉ် SSA (၀မ်ဟိုင်း) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ဦးမောင်ဝင်း က နင်းမိ ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဦးမောင်ဝင်း ၅၄ နှစ် နှင့် သား မောင်ဆာ ၆ နှစ်တို့မှာ ရရှိ ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မယ်ခမ်းဆွေ မှာ ယာဘက် ဒူးခေါင်း ပေါက်ပြဲ ဒဏ်ရာ နှင့် သမီး ဖြစ်သူ မအေးမွန် မှာ ယာဘက် လက်ခုံ မိုင်းစ ဖောက်ဝင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။

သေဆုံးသူ ၂ ဦးအား ကျေးရွာ ဓလေ့ထုံးစံ နှင့်အညီ သဂြိုဟ်ခဲ့ပြီး ဒဏ်ရာ ရရှိသူများအား ကျောက်မဲခရိုင် ဆေးရုံကြီး သို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း နှင့် SSA (၀မ်ဟိုင်း) အဖွဲ့ ၏ လုပ်ရပ်များ အပေါ် ဒေသခံ ပြည်သူများက စိုးရိမ် ပူပန်လျက် ရှိကြောင်း သိရှိရသည်။

The MYAWADY Daily