ရန်ကုန်မှာ နေ့လယ် မွန်းတည့်ချိန်မှာ uv index အများဆုံး တန်ဖိုး 12.7 (extreme level) အထိ ရှိနိုင်

ပို့စ်တင်ချိန် - 3/12/2014 12:59:00 PM



ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ uv index အများဆုံး တန်ဖိုး များအကြောင်းပဲ ဖြစ်ပါတယ်။အခုလို ပြောပြပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

UV indexတန်ဖိုး 11-12.9 အထိ လွန်ကဲအဆင့်ရှိတဲ့ ဒေသတွေဟာ မြောက်ဖက်ကို တိုးချဲ့လာနေပါတယ်။


(၁) UV indexတန်ဖိုး 11-12.9 အထိ လွန်ကဲအဆင့်ရှိတဲ့ ဒေသတွေ ဟာ မြောက်ဖက် ကို တိုးချဲ့လာနေပါတယ်။ အခုဆိုရင် ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက လွဲရင် တပြည်လုံးကို ကျရောက်နေပြီဖြစ်ပါတယ်။

(၂) ဒီကနေ့ (၁၂-၃-၂၀၁၄)ရက် (ဗုဒ္ဓဟူးနေ့) ရန်ကုန်မှာ နေ့လည် မွန်းတည့်ချိန်မှာ uv index အများဆုံး တန်ဖိုး 12.7 (extreme level) အထိ ရှိနှိုင်ပါတယ်။ ဒါဟာ လာမယ့် စနေနေ့အထိ အမြင့်ဆုံးတန်ဘိုး ဖြစ်နှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်