Wi-Fi မှတစ်ဆင့် ပျံ့နှံ့နိုင်သည့် ကွန်ပျူတာဗိုင်းရပ်စ်ကို သုတေသီများဖန်တီး

ပို့စ်တင်ချိန် - 3/14/2014 04:08:00 PM


ဗြိတိန်သုတေသီများသည် လေထုတွင်းရှိ ရောဂါပိုးများကဲ့သို့ ပျံ့နှံ့နိုင်သည့် ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးကိုဖန်တီးခဲ့ကြောင်း သိရသည်။

Chameleon အမည်ရှိ ဗိုင်းရပ်စ်သည် သာမန်နှာစေးချောင်းဆိုး ရောဂါကဲ့သို့ပင် လူထူထပ်သောနေရာများတွင် ပျံ့နှံ့နိုင်ကြောင်း Liverpool တက္ကသိုလ်ရှိ သုတေသီများက ပြောကြားခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်သည် access point များမှတစ်ဆင့် ကွန်ရက်တစ်ခုမှ တစ်ခုသို့ရောက်ရှိကာ အိမ်နှင့်လုပ်ငန်းများကို အဆက်မပြတ် ကူးစက်နိုင်ကြောင်းသိရသည်။ ထို့ပြင် ၎င်းဗိုင်းရပ်စ်သည် ခြေရာခံနိုင်ခြင်းမရှိသလို ၎င်းက encryption နှင့် password များဖြင့် မကာကွယ်ထားသည့် အားနည်းသော wireless access point များအတိုင်းပင် ပြန်လည်ခြေရာခံနိုင်သည်။

သုတေသနအဖွဲ့သည် ဓာတ်ခွဲခန်းတွင် Belfast နှင့် London မြို့တိုက်ခိုက်ခံရသည့် ပုံစံကိုစမ်းသပ်ခဲ့ပြီး Chameleon သည်လေထုထဲရှိ ဗိုင်းရပ်စ်ကဲ့သို့ပြုမူကာ access point များမှတစ်ဆင့် Wi-Fi ကွန်ရက်များသို့ ဝင်ရောက်ကြောင်း တွေ့ရှိရသည်။ ၎င်းဗိုင်းရပ်စ်သည် အင်တာနက်နှင့် ကွန်ပျူတာများပေါ်တွင် လက်ရှိအသုံးပြုနေသော antivirus ပရိုဂရမ်များဖြင့် ရှာမတွေ့နိုင်ကြောင်း သိရသည်။

-စိုးထက်
Ref: CNET
Internet Journal