ပထမဆုံး Wi-Fi စနစ်ပါဝင်သော စမတ်အဲယားကွန်းမော်ဒယ်သစ်ကို ဆမ်ဆောင်းမိတ်ဆက်

ပို့စ်တင်ချိန် - 3/14/2014 10:44:00 PM


ပထမဆုံး Wi-Fi စနစ်ပါဝင်သော စမတ်အဲယားကွန်းမော်ဒယ်သစ်ကို တြိဂံဒီဇိုင်းအဲယားကွန်းမော်ဒယ်သစ်များ မိတ်ဆက်ပွဲအခမ်းအနားတွင် ဆမ်ဆောင်းမှ မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ တြိဂံဒီဇိုင်းမော်ဒယ်သစ် အဲယားကွန်းများတွင် လျှပ်စစ်မီးအားသုံးစွဲမှုကို လျှော့ချပေးသော နည်းပညာမြင့် Singal User Mode စနစ်နှင့် စမတ် Wi-Fi နည်းပညာများ ထောက်ပံ့ပါဝင်ကြောင်း သိရသည်။

“ဆမ်ဆောင်းရဲ့ လေအေးပေးစက်သစ်မှာ စမတ်လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ Wi-Fi ကို သုံးပြီး လေအေးပေးစက်ကို ထိန်းချုပ်အသုံးပြုနိုင်တဲ့စနစ်က သုံးစွဲသူတွေကို လေအေးပေးစက် အဖွင့်အပိတ်၊ အပူချိန်ထိန်းညှိခြင်းတွေကို အခန်းတွင်းကနေမဟုတ်ဘဲ အဝေးကနေ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး လေအေးပေးစက်မှာ စက်ချို့ယွင်းမှု တစ်စုံတစ်ခုဖြစ်မယ်ဆိုရင် ဆမ်ဆောင်း ဆားဗစ်ရဲ့ ဖုန်းထဲကို ချို့ယွင်းမှုအပိုင်းရဲ့ မက်ဆေ့ခ်ျပို့ဆောင်ပေးတဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲဒီလို ထည့်သွင်းပေးထားတဲ့အတွက် ဆားဗစ်သမားက လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းကို တစ်ခါတည်း ဆားဗစ်စင်တာကနေ ယူဆောင်လာပြီး အလွယ်တကူပြင်ဆင်နိုင်တဲ့အတွက် အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ လေအေးပေးစက်ကို ကိုယ်တိုင်တပ်ဆင်တဲ့အခါမျိုးမှာလည်း တပ်ဆင်မှု မှန်ကန်မှုရှိမရှိကိုလည်း စမတ်ဖုန်း  App ကနေ အလွယ်တကူသိရှိနိုင်မယ်”ဟု ဆမ်ဆောင်း Thailand မှ အဲယားကွန်းအင်ဂျင်နီယာ Mr.Anuaek Prasandee က ရှင်းပြသည်။

အသစ်ဝင်ရောက်လာသော အဲယားကွန်းများတွင် အင်ဗာတာစနစ်မသုံးထားသော အဲယားကွန်း (non-inverter type) အမျိုးအစားနှင့် အင်ဗာတာစနစ် အသုံးပြုထားသော အဲယားကွန်း (innverter type) စီးရီးနှစ်မျိုးရှိပြီး ကြိုးမဲ့ Wi-Fi စနစ်ပါဝင်သော မော်ဒယ်များ မကြာမီထပ်မံဝင်ရောက်လာမည်ဖြစ်ကြောင်းကို ဆမ်ဆောင်း (မြန်မာ) မှ မားကတ်တင်းမန်နေဂျာ ကိုကျော်စွာလင်းက -

“အခုဝင်လာတဲ့ မော်ဒယ်တွေမှာ Inverter Type နဲ့ Non-inverter Type ဆိုပြီး နှစ်မျိုးရှိတယ်။ Non-inverter မှာဆိုရင် တစ်ကောင်အား ရှိမယ်။ တစ်ကောင်ခွဲနဲ့ နှစ်ကောင်ထိ လာတယ်။ Inverter Type မှာတော့ တစ်ကောင်အားနဲ့ တစ်ကောင်ခွဲနှစ်မျိုး လာတယ်။ နှစ်ခုစလုံးကတော့ Triangle ဒီဇိုင်းတွေပဲ။ အထဲက ဒလက်တွေ ပိုကြီးလာတယ်။ နောက်ပြီး အလွယ်တကူလည်း သန့်ရှင်းရေး လုပ်နိုင်တယ်။ နောက်တစ်ခုက
Single User Mode ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ အခန်းအကျယ်ကြီးထဲမှာ နှစ်ကောင်အားကြီး သုံးထားတယ်၊ လူကလည်း တစ်ယောက်ထဲပဲ ရှိမယ်ဆိုရင် Single user mode ကို ပြောင်းထားလိုက် မယ်ဆိုရင် အဲယားကွန်းက လိုသလောက် အအေးဓာတ်ကိုပဲ ထုတ်ပေးတော့မယ်။ အဲလိုသုံးတဲ့အတွက် မီးအားအများကြီး သက်သာစေမှာ ဖြစ်ပါတယ်။ ကိုယ်က နှစ်ကောင်အားကြီး တပ်ထားပြီး မီးအားအများကြီး
သုံးစရာမလိုဘဲ အဲဒီ Mode လေးပြောင်းလိုက်ရုံပဲ။ ဒီအဲယားကွန်းတွေမှာ မီးအားအတက်အကျ၊ လျှပ်စစ်မိုးကြိုး အကာအကွယ်စနစ်တွေ၊ လေထုထဲက ဗိုင်းရပ်စ်၊ မှိုနှင့် ဓာတ်မတည့်မှုတွေကို ဖယ်ရှားပေးတဲ့
ဗိုင်းရပ်စ်ဒေါက်တာစနစ်တွေလည်း ပါတယ်။ ယခင်မော်ဒယ်တွေတုန်းကဆိုရင် ၁၈ ပေ၊ ပေ ၂၀ ထိကို လေထုတ်လွှတ်ပေးနိုင်တယ်။ အခု Triangle ဒီဇိုင်းက ၄၆ ပေထိကို အအေးဓာတ် ထုတ်လွှတ်ပေးနိုင် တဲ့အတွက် အိမ်သုံးသာမကဘဲ လုပ်ငန်းသုံးအနေနဲ့ပါ သုံးနိုင်မှာပါ” ဟု ရှင်းပြသည်။

ယခုမိတ်ဆက်ခဲ့သော  AR-5000 နှင့် AR-7000 စီးရီအဲယားကွန်းနှစ်မျိုးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များရှိ အီလက်ထရွန်းနစ် အရောင်းဆိုင်ကြီးများတွင် တစ်ပြိုင်နက် ရောင်းချသွားမည်
ဖြစ်ပြီး ၎င်းလေအေးပေးစက် ကွန်ပရက်ဆာကို non-inverter မော်ဒယ်အတွက် အာမခံ ၅ နှစ်၊ inverter မော်ဒယ်အတွက် အာမခံ ၁၀ နှစ်နှင့် တခြားအစိတ်အပိုင်းများကို အာမခံ ၁ နှစ်ဖြင့် ဖြန့်ချိ ရောင်းချသွားမည်
ဖြစ်ကြောင်း သိရသည်။
-ရဲထွဋ်ဝင်;

Internet journal