မောင်းသူမဲ့ လေယာဉ်ဖြင့် အင်တာနက် WiFi ပေးနိုင်ရန် Facebook ကြံစည်

ပို့စ်တင်ချိန် - 3/16/2014 06:42:00 PM




Facebookအနေဖြင့် အင်တာနက် ချိတ်ဆက်မှုလိုင်း မရှိသော နေရာဒေသများတွင် Wi-Fi ကွန်ရက် ဖြန့်ကျက်ပေးနိုင်မည့် ခြေလှမ်းသစ်ကို စတင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ Googleက လေဘောလုံးကြီးများ လွှတ်တင်ကာ Wi-Fiဖြန့်ကျက်ပေးရန် စိတ်ကူးနေချိန်တွင် Facebookက နေရောင်ခြည် စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်များ သုတေသနပြု ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုကို ဝယ်ယူရန် စိုင်းပြင်းလာခဲ့သည်။ Facebook၏ ခြေလှမ်းမှာ အာဖရိကကဲ့သို့ အင်တာနက် ချိတ်ဆက်မှုလိုင်း နည်းပါးသော ဒေသများတွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်များကို လွှတ်တင်ထားပြီး ယင်းမှတစ်ဆင့် Wi-Fiကွန်ရက်များ ထုတ်လွှင့်ပေးနေရန် ဖြစ်သည်။

Facebookသည် ယခုအခါ Titan Aerospace ကုမ္ပဏီကို ဒေါ်လာသန်း(၆၀) ဝန်းကျင်ဖြင့် သိမ်းသွင်းဝယ်ယူရန် ဆွေးနွေး စကားပြောနေပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ သတင်းများကို Facebookက တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။ လေ့လာသူများက အဆိုပါ ကောလာဟလသည် မှန်ကန်သည်ဟု ယူဆရလောက်ပြီး Facebook၏ တစ်ကမ္ဘာလုံး အင်တာနက်သုံးစွဲသူ တိုးပွားပြီး ၎င်းတို့ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်မှုများကို မြှင့်တင်သွားမည့် ရည်ရွယ်ချက်ကို အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသည်။ Titan Aerospaceသည် နေရောင်ခြည်ကို ခံယူကာ စွမ်းအင်ဖြည့်တင်းပြီး အမြင့်ပေပေါင်း မြောက်မြားစွာတွင် ပျံသန်းနိုင်သည့် လေယာဉ်များကို သုတေသနပြု စမ်းသပ်လျှက် ရှိသည်။
အဆိုပါ နည်းပညာအရ နေရောင်ခြည် ပြည့်ဝစွာ ရရှိသော ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ကို လွှတ်တင်ထားပါက (၅)နှစ်မျှထိ ပြန်လည်အားဖြည့်စရာ မလိုဘဲ လေထဲဝဲပျံနေနိုင်မည် ဖြစ်သည်။ အကယ်၍ Facebookကသာ Titan Aerospaceကို ဝယ်ယူဖြစ်ခဲ့သည် ဆိုပါက အာဖရိက တစ်တိုက်လုံးတွင် လွှမ်းခြုံပြီး Wi-Fiကွန်ရက် ဖြန့်ကျက်ရန် မောင်းသူမဲ့လေယာဉ် အနည်းဆုံး (၁၁၀၀၀)မျှ ထုတ်လုပ်ရမည် ဖြစ်သည်။ Titan Aerospaceကို (၂၀၁၂)ခုနှစ်ကမှ စတင်တည်ထောင်ပြီး နယူးမက္ကစီကိုတွင် အခြေစိုက်ကြောင်း သိရှိရသည်။

Planet